What's happening?

Video Sources 119 Views Report Error

  • Watch trailer
  • Maestro (2023)
Maestro

Maestro

Nov. 22, 2023United States131 Min.R
Your rating: 0
0 0 votes
JDBKX ads bannerJDBKX ads banner

Synopsis

Maestro ဟာ လက်ရှိမှာ American Film Institute ရဲ့ Top Ten Films of The Year စာရင်းဝင်ထားပြီး Bradley Cooper ရဲ့ ဒါရိုက်တာဘဝ ပိုအသက်ဝင်လာစေတဲ့ ရုပ်ရှင်လို့ပြောကြတယ်။ Maestro ကို ကနဦးမှာတော့ ပါရာမောင့်က မာတင်စကောဆဲစီရိုက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး The Irishman ရိုက်ဖို့ မာတင်ကြီးက ငြင်းလိုက်လို့ စပီးဘာ့ဂ်ရဲ့ Amblin Entertainment လက်ထဲရောက်သွားပြီး ဘရက်ဒလေကူးပါးလက်အပ်လိုက်ပါတယ်။ မာတင်စကောဆဲစီလည်း သူ မရိုက်ဖြစ်ပေမဲ့ စတီဗင်စပီးဘာ့ဂ်နဲ့အတူတူ ပရိုဂျူဆာတော့ ဝင်လုပ်ထားပေးတယ်။ စီနီမာတိုဂရပ်ဖာကတော့ ဒါရန်အာရွန်နော့စကီးရဲ့ Pi (1998), Requiem for a Dream (2000), The Fountain (2006) နဲ့ Black Swan (2010) တို့အပြင် သူ့ကားတိုင်းအားလုံးနီးပါးမှာ စီနီမာတိုဂရပ်ဖာလုပ်ပေးခဲ့တဲ့ Matthew Libatique ပါပဲ။ ကူးပါးရဲ့ ပထမကား A Star is Born မှာလည်း သူပဲ စီနီမာတိုဂရပ်ဖာလုပ်ပေးထားတာပါ။ ဇာတ်ညွှန်းပိုင်းကိုတော့ ဘရက်ဒလေကူးပါးနဲ့ ဂျို့စ်ဆင်းဂါးက ကိုင်ခဲ့တယ်။ ဂျို့စ်ဆင်းဂါးက Spotlight (2015) နဲ့ အော်စကာမှာ အကောင်းဆုံးဇာတ်ညွှန်းဆုရဖူးတဲ့လူလည်းဟုတ်သလို The Post (2017) နဲ့ First Man (2018) တို့ကိုလည်း ဇာတ်ညွှန်းရေးခဲ့ဖူးတယ်။

ဇာတ်ကတော့ ခေတ်တစ်ခေတ်ရဲ့ဂန္ထဝင် ဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ လီယိုနာ့ဒ်ဘန်စတိုင်းအကြောင်းပါ။ သူ့အကြောင်းဆိုတာထက် သူနဲ့ သူ့မိန်းမ တယ်လီဗေးရှင်းမင်းသမီး ဖယ်လီစီယာမွန်တီလက်ဂျ်ရဲ့ ဆက်ဆံရေးအကြောင်းဆို ပိုမှန်မယ်။ အဲဒီဆက်ဆံရေးဆိုတာကလည်း ကျွန်တော်တို့မြင်နေကျတွေလို ကတောက်ကဆတွေချည်း ရိုက်ပြထားတာမျိုးမဟုတ်တာက သူ့ထူးခြားချက်ပဲဖြစ်မယ်။ လီယိုနာ့ဒ်အကြောင်းအရင်ပြောရရင် ဒီဘဲက ဂီတပညာရှင်။
ဘယ်လိုဂီတပညာရှင်လဲဆိုတော့ ဂီတနဲ့ပတ်သက်ရင် အကုန်သူ့နယ်ပယ်ပဲလို့ ခံယူပြီး ဂီတနဲ့ပတ်သက်သမျှ အကုန်လုပ်ပြီး အကုန်လည်းဟုတ်တဲ့ ဂီတပညာရှင်။ သူက ဂီတမှူး၊ ဂီတစာဆို၊ စန္ဒယားဆရာ၊ ဂီတသင်ကြားသူ၊ ရုပ်ရှင်နောက်ခံတေးစသဖြင့် အစုံ့အစုံအကုန်လုပ်ခဲ့တဲ့သူ။ အမေရိကန်သမိုင်းက အတော်ဆုံး အအောင်မြင်ဆုံး ဂီတသမားတွေထဲက တစ်ယောက်လည်းဟုတ်တယ်။ သူ့ကို နာမည်နဲ့တွဲမသိရင်သာနေမယ်။ ရုပ်ရှင်သမားတွေတော့ သူ့ဂီတနဲ့ကောင်းကောင်းရင်းနှီးကြလိမ့်မယ်။
Elia Kazan ရိုက်ပြီး မာလွန်ဘရန်ဒိုသရုပ်ဆောင်ထားတဲ့၊ Best Picture အထိရခဲ့တဲ့ On the Waterfront ရဲ့ နောက်ခံတေးကို သီကုံးခဲ့တဲ့သူ။ အဲဒီကားနဲ့ သူဆန်ခါတင်လည်းဝင်ခဲ့ဖူးတယ်။ West Side Story မူရင်းကားရဲ့ဂီတပိုင်းကိုရော သူပဲကိုင်ခဲ့သလို လူမရှိတော့ပေမဲ့ စပီးဘာ့ဂ်ပြန်ရိုက်တဲ့အသစ်မှာလည်း သူ့ဂီတကိုပဲ ပြန်သုံးထားတယ်။ ကုန်ကုန်ပြောရရင် ဒီ Maestro ထဲက ဂီတပိုင်းတောင် သူ့ဂီတကိုပဲ ပြန်သုံးထားတာပါပဲ။ လီယိုနာ့ဒ်ဟာ တိုနီဆု ၂-ဆု၊ ဂရမ်မီ ၁၆-ဆု၊ အမ်မီ ၇-ဆု ရခဲ့တယ်။ အော်စကာတော့ မရခဲ့ရှာပါဘူး။ ဒါပေမဲ့လည်း သူ့လိုင်းက ပြဇာတ်နဲ့ဂီတမှူး ဂီတစာဆိုလိုင်းဘက်ပိုသွားတော့ သူလုပ်ခဲ့တာတွေနဲ့ သူရထားတာတွေနဲ့က အံကိုက်တော့အံကိုက်ပါပဲ။

ဘန်စတိုင်းနေရာကတော့ ဘရက်ဒလေကူးပါးကပဲ သရုပ်ဆောင်ထားပြီး သူ့မိန်းမနေရာကတော့ ကာရေးမယ်လီဂန်က သရုပ်ဆောင်ထားတယ်။ Maestro မှာ ကူးပါးဟာ ဘန်စတိုင်းရဲ့ ဘဝဇာတ်ကို သူ့အနုပညာနဲ့ သူ့မိသားစုဘဝ ၂-ခုလုံးကို ပြသွားတယ်။ ဒီလိုဆိုပေမဲ့ သူ့မိသားစုဘဝဘက်ကိုတော့ ပိုအလေးပိုလိမ့်မယ်။ ဒီရုပ်ရှင်မှာ ဘန်စတိုင်းရဲ့ အောင်မြင်ခြင်းတွေထက် သူ့မိန်းမဖယ်လီစီယာရဲ့ အချစ်နဲ့နားလည်မှုက သူ့အောင်မြင်ခြင်းကို ဘယ်လိုအရောင်တင်ပေးခဲ့လဲ ပိုအလေးပေးပြသွားတယ်လို့ပြောရမယ်။ ဒါကြောင့်ပဲ မယ်လီဂန်အတွက် သရုပ်ဆောင်ကွက် ပိုရခဲ့သလို သူကလည်း ကောင်းကောင်းကြီး ထုတ်ပြနိုင်ခဲ့တယ်။

ဒီရုပ်ရှင်မှာတော့ ကူးပါးထက်ကို မယ်လီဂန်ရဲ့သရုပ်ဆောင်ပေါက်တွေက ပိုသာသွားတယ်လို့ မြင်တယ်။ ၂၀၀၉-မှာ An Education, ၂၀၂၀-မှာ Promising Young Woman တို့နဲ့ အော်စကာ ဆန်ခါတင်ဝင်ဖူးခဲ့တဲ့ Carey Mulligan ကတော့ ဒီနှစ်လည်း Golden Globe မှာ မင်းသမီးဆုဝင်ထားသလို Maestro နဲ့ သူ့ကိုရသင့်တယ်အော်နေကြတဲ့ အသံတွေလည်းရှိနေ‌တော့ ဆန်ခါတင်ပဲထပ်ဝင်သွားမလား ရပဲရသွားမလား ကြည့်ရဦးမှာပါပဲ။

လီယိုနာ့ဒ်နဲ့ ဖယ်လီစီယာတို့ရဲ့ သမီးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂျေမီအဖြစ်သရုပ်ဆောင်သွားတဲ့ Maya Hawke ကလည်း အခန်းသိပ်မရပေမဲ့ ပါသလောက်မှာ သဘောကျချင်စရာတော့ကောင်းတယ်။ ဇာတ်လမ်းက လီယိုနာ့ဒ်နဲ့ သူ့မိန်းမကြားက အချစ်လို့ခေါ်မလား ၊ မေတ္တာလို့ခေါ်မလား အဲဒီအရာတစ်ခုကိုတော့ ပေါ်လွင်အောင်ပြသွားနိုင်ခဲ့တယ်။ ပြဿနာလုံးဝကင်းတယ်တော့မဟုတ်ပေမဲ့ ချစ်ခြင်းနဲ့အဆုံးသတ်ပြီး သတိရခြင်းနဲ့ ခရီးဆက်နေတဲ့ လီယိုနာ့ဒ်ရဲ့အခြေအနေကိုလည်း ပြသွားတယ်။ ပြောရရင် Maestro တစ်ယောက်ရဲ့ ဘဝပဲ့ကိုင်ရှင်တစ်ယောက်အကြောင်းပဲထားပါတော့။ သေချာတာတော့ သတိရခြင်းနဲ့ ခရီးဆက်နေတဲ့ လူတစ်ယောက်ကိုတော့ ခံစားမိမှာပဲ။

#Maestro #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Maestro
Maestro
Maestro
Maestro
Maestro
Maestro
Maestro
Maestro
Maestro
Maestro
Original title Maestro
IMDb Rating 7.1 8,065 votes
TMDb Rating 6.642 53 votes

Director

Cast

Carey Mulligan isFelicia Montealegre
Felicia Montealegre
Bradley Cooper isLeonard Bernstein
Leonard Bernstein
Matt Bomer isDavid Oppenheim
David Oppenheim
Vincenzo Amato isBruno Zirato
Bruno Zirato
Michael Urie isJerry Robbins
Jerry Robbins
Brian Klugman isAaron Copeland
Aaron Copeland
Nick Blaemire isAdolph Green
Adolph Green
Mallory Portnoy isBetty Comden
Betty Comden
Alexandra Santini isClaudio's Guest #1
Claudio's Guest #1
Jarrod LaBine isClaudio's Guest #2
Claudio's Guest #2

Similar titles

The Boys in the Boat
The Professional Bridesmaid
Saba Nayagan
Thalavan
24 Hours with Gaspar
Hitman
Dahanam
Pegasus 2
I Killed Bapu
Zorawar Di Jacqueline
The Celebrated Gisaeng
Original Sinful Affairs

Leave a comment