What's happening?

Video Sources 485 Views Report Error

  • Watch trailer
  • Dream Scenario (2023)
Dream Scenario

Dream Scenario

Meet the man of your dreams.Nov. 10, 2023United States102 Min.R
Your rating: 0
0 0 votes
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဇာတ်လမ်းအဆန်းအကောင်းတွေကို ထုတ်လုပ်နေကျ A24 ရဲ့ Dark Comedy ရုပ်ရှင်အသစ်လာပါပြီ။ A24 ရဲ့ Nick Cage နဲ့ ပထမဆုံး တွဲလုပ်တဲ့ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Ari Aster က အစမှာ Adam Sandler နဲ့ ဒီရုပ်ရှင်ကို ရိုက်မလို့ပေမဲ့ နောက်ပိုင်းမှာ ပရိုဂျူဆာအဖြစ်ပါဝင်ခဲ့ပြီး ဒါရိုက်တာ Kristoffer Borgli ကို စိတ်ကြိုက်ရိုက်ကူးစေခဲ့တာပါ။ Kristoffer Borgli ရဲ့ အကြံပြုချက်အတိုင်း Nick Cage နဲ့ ရိုက်ခဲ့ပြီး အခုလိုပဲ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dark Comedy တွေရဲ့ထုံးစံအတိုင်း သူများဒုက္ခရောက်နေတာတွေ ငိုရခက် ရယ်ရခက် ကြည့်ရဦးမှာပါပဲ။

A24 ရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဟာ အဓိပ္ပါယ်တစ်ခု၊ လမ်းတစ်ခုတည်းကို ပြနေတာမဟုတ်ဘဲ၊ ကြည့်ရှုသူတွေ စိတ်ကြိုက်တွေးစရာ ချန်ထားခဲ့တာတွေ၊ ဥပမာပြ နိမိတ်ပြပုံတွေနဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်းသားကြီး Nick Cage ကလည်း သူ့ရဲ့ သရုပ်ဆောင်ဘဝကို PIG (2021) ၊ The Unbearable Weight Of Massive Talent (2022) နဲ့ Dream Scenario (2023) တို့လို ရုပ်ရှင်ကားကောင်း ၃ -ကားနဲ့ ပိတ်ပြီး အနားယူချင်ကြောင်းပါ ပြောခဲ့ပါတယ်။

ဒီရုပ်ရှင်ရဲ့ ကျောရိုးကိုတော့ စိတ်ပညာရှင် Carl Jung ရဲ့ Collective Unconscious သီဝရီကို အခြေခံထားပါတယ်။ လူသားတွေဟာ မိမိကိုယ်ပိုင်အတွေ့အကြုံသိစိတ်မသိစိတ်ကနေမဟုတ်ဘဲ၊ တစ်ကမ္ဘာလုံးရဲ့ လူသားမျိုးစိတ် အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ဘုံမသိစိတ်တွေ ရှိနေတယ်ဆိုတဲ့အယူအဆပါ။ ဒီဘုံမသိစိတ်ကြောင့်ပဲ ဘာသာရေးတွေရဲ့ အခြေခံအယူအဆတွေ ဆင်ဆင်တူတာတွေ၊ အိပ်မက်တွေရဲ့ ဖြစ်ပျက်တတ်ပုံတွေတူတာတွေ၊ လူတွေ ‌အမှောင်ကြောက်တာ အမြင့်ကြောက်တာ စတဲ့အချက်မျိုးတွေ တူတာတွေဖြစ်လာတယ်ဆိုပါတယ်။

ဒီရုပ်ရှင်ဟာ နာမည်နဲ့လိုက်အောင် အိပ်မက်ကို အခြေခံထားတာဖြစ်ပါတယ်။ အဓိကဇာတ်ကောင် ပေါမက်သရူး (နစ်ကေ့) ဟာ ထူးခြားချက်ဘာမှမရှိတဲ့ ပျှမ်းမျှသာမန်လူစစ်စစ်တစ်ယောက်ပါ။ ဆင့်ကဲပြောင်းလဲမှုဗေဒကို သင်နေတဲ့ ပါမောက္ခတစ်ယောက်ဖြစ်ပြီး မိန်းမနဲ့ကလေးတွေနဲ့ အေးအေးဆေးဆေးပဲ‌ နေထိုင်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတတော့ အသိအမှတ်အပြုခံချင်စိတ် သူ့နယ်ပယ်မှာ အောင်မြင်ကျော်ကြားချင်စိတ်တွေရှိနေပါတယ်။ ဒီသာမန်လူတစ်ယောက်ဟာ ရုတ်တရက်ကြီး လူပေါင်းများစွာရဲ့ အိပ်မက်ထဲမှာ ပါလာလို့ဆိုပြီးနာမည်ကြီးလာပါတယ်။ ဘာကြောင့်လဲဆိုတာ ဘယ်သူမှ ရှင်းမပြတတ်ပါဘူး။ အိပ်မက်တွေထဲမှာလည်း သူက ဘာမှမလုပ်ဘဲ ရပ်နေရုံ ဖြတ်လျှောက်ရုံဖြစ်နေတာကြောင့် လူတွေကသူ့ကို ရယ်စရာတစ်ခုလို၊ လူထူးဆန်းတစ်ယောက်လို ပေါ့ပေါ့ပါးပါး ချစ်ခင်ကြရုံနဲ့ နာမည်ကြီးလာပါတယ်။ လူစိတ်ဝင်စားခံလာရပါတယ်။

ရုပ်ရှင်နာမည် Dream Scenario ဆိုတဲ့အတိုင်း
“မယုံနိုင်စရာကောင်းလိုက်အောင် အိပ်မက်ဆန်တဲ့ အောင်မြင်မှုမျိုး” ရလာတာပေါ့။ ဒါပေမဲ့ နောက်တော့ လူတွေရဲ့ အိပ်မက်တွေထဲမှာ ရုတ်တရက် ပေါဟာ အရမ်းအကြမ်းဖက်လာပါတယ်။ အိပ်မက်မက်တဲ့လူတွေလည်း သူ့ကိုကြောက်လာကြပြီး အပြင်က သူ့ကိုပါ မုန်းတီးခံလာရပါတယ်။ လူချစ်လူခင်များတဲ့ ဆယ်လီဘဝကို ဘာမှမလုပ်ရပါဘဲ ရောက်လာပြီး တစ်လောကလုံးဝိုင်းမုန်းတဲ့ ဆယ်လီဘဝကိုလည်း သူဘာမှ မလုပ်ရဘဲ ရောက်သွားတဲ့ကိစ္စကြီးကတကယ်ကို စားပါတယ်။ ရယ်ရခက် ငိုရခက်ကြီးကို ထိုင်ကြည့်နေရတာပါ။ ဒါကို သူဖြေရှင်းဖို့ကြိုးစားရင်း ပိုပိုဆိုးလာတဲ့ဇာတ်ကြောင်းကို မြင်ရပါလိမ့်မယ်။ ဇာတ်လမ်းထဲမှာတော့ ဆိုရှယ်မီဒီယာရဲ့ နာမည်ကြီးလွယ် နာမည်ပျက်လွယ်ပုံသဘောတရားတွေ၊ နာမည်ကြီးလာတဲ့အချက်မှာ ကောင်းကျိုးရော ဆိုးကျိုးရောရှိပုံတွေ၊ လက်ရှိခေတ်ရဲ့cancel culture လို့ခေါ်တဲ့ လူအများစု နေရာစုံမှာ ဝိုင်းကျဉ်တာကိုခံရရင် ဖြစ်တတ်တဲ့ပုံတွေကို သရော်ထားပုံ ရိုက်ကူးထားတာပါပဲ။ ကျန်တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းချင်းကို ခံစားပုံကတော့ ကြည့်တဲ့သူရဲ့ ကိုယ်ပိုင်အတွေးအမြင်နဲ့ အယူအဆအပေါ်မူတည်တာမို့ ကိုယ်တိုင်ပဲ ကြည့်ကြည့်လိုက်ပါတော့။

#DreamScenario #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Dream Scenario
Dream Scenario
Dream Scenario
Dream Scenario
Dream Scenario
Dream Scenario
Dream Scenario
Dream Scenario
Dream Scenario
Dream Scenario
Original title Dream Scenario
IMDb Rating 7.1 13,754 votes
TMDb Rating 7.164 122 votes

Director

Cast

Nicolas Cage isPaul Matthews
Paul Matthews
Julianne Nicholson isJanet Matthews
Janet Matthews
Lily Bird isSophie Matthews
Sophie Matthews
Jessica Clement isHannah Matthews
Hannah Matthews

Similar titles

Junkyard Dog
The Dictator
Winner
Masters of the Universe
Spy Kids: Armageddon
Mind the Gap
Masked Hearts
The Holy Man 2
La Leyenda de los Chaneques
Shot Boot Three
Deathstalker
Keedaa Cola

Leave a comment