What's happening?

Video Sources 640 Views Report Error

  • Watch traileryoutube.com
  • Radical (2023)Unknown resource
Radical

Radical

Think for yourself.Oct. 19, 2023Mexico127 Min.PG-13
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

မက္ကဆီကန်နယ်စပ်က ဘယ်သူမှဘောင်မသွင်းကြတဲ့ အပယ်ခံကျောင်းက အပယ်ခံအတန်းကို အတန်းပိုင်ဆရာအသစ်ယောက်ရောက်လာခဲ့တယ်။ အဲဒီအတန်းက ကျောင်းသားတွေမှာ အမှိုက်ကောက်စားရတဲ့ကလေးတွေလည်းပါတယ်။ မူးယစ်ဆေးရောင်းတဲ့ ကလေးတွေလည်းပါတယ်။ အောက်ခြေလူတန်းစားကလေးတွေချည်းပေါ့။ ဒီလိုကလေးတွေလည်း ဖြစ်နေသလို စာမေးပွဲမှာလည်း အမှတ်တွေမကောင်းကြတော့ အားလုံးက ဝိုင်းကြဉ်တာခံနေရတဲ့ အတန်းဆိုလည်း မမှားဘူး။

ရောက်လာတဲ့ဆရာက “ခေတ်ကြောင့်ကလေးတွေဟာ ထက်လာကြပေမဲ့ ပညာရေးစနစ်ကတော့ အဲဒီလို ထက်တဲ့ ကလေးတွေနဲ့ မလိုက်အောင် ခေတ်နောက်ကျန်နေတဲ့အရာ” လို့ ယုံကြည်တဲ့သူ။ သူ့စကားအရတော့ ခေတ်ကြီးကလည်း ပြောင်းလဲသွားပြီ။ ကလေးတွေလည်း ပြောင်းလဲသွားကြပြီ။ ပညာရေးနစ်ကြီးကပဲ နှစ်တစ်ရာလုံး ဘာမှမပြောင်းလဲဘဲ ကျန်နေတယ်တဲ့။ ဒီပညာရေးစနစ်ကြီးက လုပ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာက ကလေးတွေကို ယန္တရားအသေကြီးတစ်ခုထဲက အစိတ်အပိုင်းအသေလေးတွေဖြစ်လာပြီး သူတို့အိပ်မက်နောက် သူတို့မလိုက်နိုင်အောင် တားထားနိုင်တာပဲလို့ သူကယုံတယ်။

ကျွန်တော်တို့မြင်နေကျ ပညာရေးဆိုတာက တစ်ခုခုကို ဆရာက နှုတ်တိုက်ရှင်းပြသင်ပေးမယ်။ သင်ပြီးရင် တပည့်က အလွတ်ကျက်ပြီး သူ ဒီစာကို ရကြောင်း ပြန်ပြရတယ်။ ဒီလောက်ပဲ။ အခြေခံပညာရေးတွေ တက္ကသိုလ်ပညာရေးတွေကစလို့ ဟိုသင်တန်း ဒီသင်တန်းတွေအဆုံး ဒီထက်ပိုတဲ့ပညာရေးမျိုး ကျွန်တော်တော့ မမြင်ဖူးဘူး။ ပရက်တီကယ်တို့ ကျူတိုရီရယ်တို့ ဖီးဒ်ဆင်းတို့ ဆိုတာလည်း အဖြစ်သဘောထက် ပိုမနေဘူး။ ဆုပေးဒဏ်ပေးစနစ်တောင် အဆစ်ပါတတ်တယ်။ တပည့်တွေကလည်း ဘာမှများများစားစားမမေးရဲသလို ဆရာတွေကလည်း မေးရဲအောင် မလုပ်ကြသလိုပါပဲ။ ဒီလိုမမေးရဲတဲ့ ပုံစံအတိုင်း အစကတည်းက ပုံသွင်းခံလာခဲ့ရလားတော့ မသိဘူးပေါ့။ တစ်ခါတလေတော့ ဒီရုပ်ရှင်ရဲ့ အဆုံးမှာပါတဲ့ အိုင်းစတိုင်းရဲ့ စကားလိုပဲ ပညာရေးဆိုတာ တစ်စုံတရာကိုသင်ယူဖို့မှာ အကြီးဆုံးအနှောင့်အယှက်ဖြစ်နေတဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်တာပဲ။
Radical ထဲက ဆရာကတော့ ပညာရေးဆိုတာ အလွတ်ကျက်ဖို့မဟုတ်ဘဲ ကိုယ့်ဘာသာတွေးတတ်အောင်သင်ပေးဖို့ဆိုတာကို ကောင်းကောင်းကြီး လက်ခံထားပုံပါပဲ။ စာစသင်တော့ သူစလုပ်တာက စာမသင်တာပဲ။ သူလုပ်တာက ကလေးတွေကို သူတို့ဘာသာတွေးလာအောင် လမ်းကြောင်းပေးပြီး လွှတ်ထားလိုက်တာပဲ။ သူလမ်းကြောင်းပေးတဲ့နောက် သူတို့ဘာသာ တိုင်ပင်ရင်း အဖြေရှာရင်း သူတို့ဘာသာအဖြေရှာတွေ့သွားတာက ပိုတတ်မြောက်စေတယ်လို့ သူက ယုံကြည်တယ်။

တကယ်လည်း ဟုတ်တာပဲ။ စစချင်း ပထမနေ့မှာသူက လှေအကြောင်းစပြောတယ်။ ပြောပြနေရင်း မေးခွန်းတွေမေးတော့ မှားမှာကြောက်လို့ ဘယ်သူမှမဖြေရဲဘူး။ ဒီမှာသူပြောတာက မှားမှာမကြောက်လို့ မဖြေဘဲ မနေနဲ့ မှားတာကို သူကပိုတောင်ကြိုက်သေးတယ် မှားတယ်ဆိုတာ အမှန်ကိုသိဖို့လမ်းစတဲ့။ နောက်နေ့ကျ သူက ကျောင်းသားတွေကို ဘာသင်မလဲ မင်းတို့ဆုံးဖြတ် မင်းတို့ဆုံးဖြတ်တဲ့ဟာကို ငါသင်မယ်ပြောတော့ ဘယ်ကောင်မှ ဘာမှမပြောကြဘူး။ မင်းတို့မပြောရင် ငါလည်းမသင်ဘူး ထိုင်နေမယ်ဆိုပြီး ထိုင်နေတယ်။ ပြီးမှ ပြောထွက်လာအောင်လုပ်ရင်း တစ်ယောက်က မနေ့က လှေအကြောင်းစိတ်ဝင်စားတယ်ပြောတော့ အဲဒီအကြောင်းသင်မယ်ဆိုပြီး နောက် ရေပေါ်မှာပေါ်နိုင်ခြင်းအကြောင်း ပြောတယ်။ အဲဒီကနေမှ သူတပည့်တွေကို အလေးချိန် ထုထည်နဲ့ ဒြပ်ထုကို နားလည်အောင်ဆက်သင်ပေးတယ်။

တပည့်တွေလည်း စိတ်ဝင်စားပြီး သူတို့ပတ်ဝန်းကျင်က အရာတွေကို စမ်းသပ်ကြတယ်။ သူနဲ့ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်လည်း ကလေးတွေရဲ့ အစမ်းသပ်ခံဖြစ်ခဲ့တာပါပဲ။ နောက်ပိုင်းလည်း သူက သူသင်တယ်ရယ်လို့ မဟုတ်ဘဲ ကလေးတွေ သင်ချင်တဲ့အရာတွေကို သူက စိတ်ဝင်တစားနဲ့ လိုက်သင်ပေးတယ်။ ဒဿနိကဗေဒ ဖီလော်ဆော်ဖီကို စိတ်ဝင်စားတဲ့ကလေးမလေးတစ်ယောက်နဲ့အတူတူ တစ်ခန်းလုံး ဝိုင်းဆွေးနွေးကြရင်း တစ်ယောက်တစ်ပေါက်နဲ့ ရန်ထဖြစ်တော့မလိုလိုဖြစ်တဲ့အဖြစ်တွေလည်းရှိသလို အာကာသယာဉ်မှူးဖြစ်ချင်တဲ့ နက္ခတာရာကို စိတ်ဝင်စားတဲ့ ကလေးမလေးနဲ့အတူတူ ဂြိုဟ်တွေအကြောင်းလေ့လာဖို့ ဂြိုဟ်နာမည်တွေ ကိုယ်မှာကပ်ပြီး ဂြိုဟ်တွေလည်ပတ်ပုံကို ကိုယ်တိုင်သရုပ်ပြတဲ့အဖြစ်တွေလည်းရှိခဲ့တယ်။

ဒီလိုအကုန်သင်နေလို့ သူက အကုန်တော်နေတာလားဆိုတော့ မဟုတ်ဘူး။ ဒါကို သူကိုယ်တိုင်လည်း ကောင်းကောင်းသိတယ်။ ဆရာတစ်ယောက်အနေနဲ့ သိထားရမဲ့ အရေးအကြီးဆုံးအသိဖြစ်တဲ့ သူဘာမှမသိသေးဘူးဆိုတာကိုလည်း သူလက်ခံထားတယ်။ အင်တာနက်သာရှိနေရင် ကလေးတွေကတော်တော့ သူ့ကိုတောင်လိုမှာတောင်မဟုတ်ဘူးလို့လည်း သူပြောခဲ့တယ်။ ဆိုခဲ့သလို သူစာသင်တဲ့နည်းဟာ ကလေးတွေဟာ ဘာမှသင်စရာမလိုတာမို့ လမ်းကြောင်းပေးပြီး သူတို့ဘာသာ သင်ယူနိုင်အောင် လုပ်ပေးလိုက်တဲ့ သင်နည်းလည်းဟုတ်တယ်။ သူတို့ဘာသာ သင်ယူချင်စိတ်ပေါ်လာအောင်လုပ်လိုက်တဲ့ သင်နည်းလည်းဟုတ်တယ်။ အဓိကကတော့ ကလေးတွေကို သူတို့ပုံစံကို သူတို့ဖော်ထုတ်နိုင်အောင် လမ်းပြပေးလိုက်တာပါပဲ။ နည်းပြတစ်ယောက်နဲ့တောင် တူလိမ့်မယ်။

ဒီလိုတွေသင်နေတော့ ကျောင်းစာ ဘာတတ်မှာလဲလို့ မေးစရာရှိတယ်။ တတ်ပါတယ်။ အလွတ်ကျက်တဲ့တတ်နည်းမဟုတ်ဘဲ တကယ်တတ်တဲ့နည်းနဲ့တတ်သွားတာခြင်းပေါ့။ ဒီလိုတတ်တာက အလွတ်ကျက်ပြီး တတ်တာနဲ့ မတူတာကိုလည်း ရုပ်ရှင်ထဲကောင်းကောင်းကြီး ပြသွားတယ်။

ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ အဲဒီဆရာကလည်း အခုထိ စာသင်နေသေးသလို ဒီဇာတ်ထဲကလူတွေကလည်း တကယ်ရှိနေကြသေးတယ်။ အာကာသယာဉ်မှူးဖြစ်ချင်တဲ့ ဂျီးနီးယပ်စ်ကောင်မလေး ကာရိုက်တာကလွဲလို့ ကျန်တဲ့ ကာရိုက်တာတွေကိုတော့ အဲဒီကျောင်းက ကလေးတွေရဲ့ကာရိုက်တာတွေကို ပေါင်းစပ်ပြီး ပုံဖော်ထားတယ်။ အပြင်က ၃-ယောက်ကို ၁ယောက်တည်းဖြစ်အောင် ပုံဖော်ထားတာမျိုးပေါ့။ ဒီကျောင်းဆရာ ဒီလိုလုပ်နေနိုင်တာက ကျောင်းအုပ်ကျေးဇူးလည်းမကင်းဘူးပေါ့။ သူသာ အားမပေးခဲ့ရင် ဒီလိုသင်ဖို့ဆိုတာ တော်တော်လေး မဖြစ်နိုင်တဲ့ကိစ္စပါ။ ဘယ်တော့မှ တစ်ယောက်တည်းနဲ့ မပြီးတဲ့ အရာတွေပါပဲ။ သင်ယူလေ့လာဖို့ လမ်းကြောင်းပေးရမဲ့ ပညာရေးဟာ အိုင်းစတိုင်းပြောသလို သင်ယူလေ့လာဖို့မှာ ခလုတ်ကန်သင်းပြန်ဖြစ်နေသင့်တဲ့ အရာမျိုးတော့ မဟုတ်ဘူးပေါ့။

ဒီကားထဲက အမြင်တွေက အသစ်မဟုတ်ပေမဲ့ အမြင်ဟောင်းတွေက မပြောင်းလဲတဲ့နောက် ဒီအမြင်တွေက သစ်နေတုန်းပဲ။ အားလုံးဟာ သူများကိုသင်ပေးရမှာနဲ့ဖြစ်ဖြစ် ကိုယ်ကသင်ယူရမှာနဲ့ဖြစ်ဖြစ် မကင်းနိုင်ကြတော့ Radical ဟာ အားလုံးကြည့်သင့်တဲ့ ရုပ်ရှင်လို့ ဆိုရမယ်။ Radical ဟာ သစ်သေးတဲ့ သီချင်းဟောင်းလေးအတိုင်းပဲ… အမှားတွေကိုဖြတ်သန်းပြီး အမှန်တွေကိုရှာတဲ့အကြောင်းပေါ့။ ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ကျောင်းသားလေးတစ်ယောက်က သူကောင်မလေးတစ်ယောက်ကို ကြိုက်နေကြောင်းပြောပြီး ဘယ်လိုလိုက်ရမလဲမေးတော့ ဆရာက သူကြိုက်နေတဲ့ကောင်မလေးကိုပါ သိနေခဲ့တယ်။ လိုက်နည်းကိုလည်း ပြောပြခဲ့တယ်။ ကျောင်းသားလေးက ဆရာ ဘာလို့အကုန်သိနေတာလဲလို့မေးတော့ သူ့ဆရာဖြေတာက…
ငါ အမှားတွေအများကြီးလုပ်ဖူးတယ်လေ” တဲ့။

အမှန်အမှားတွေ ကိုယ်တွေ့ရှာ မှားသွားလည်း နေပါစေ
အမှန်တရားကို ရှာတဲ့သူ ရဲရဲပဲရှာပါစေ

 

#Radical #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Radical
Radical
Radical
Original title Radical
IMDb Rating 8 2,250 votes
TMDb Rating 8.52 176 votes

Similar titles

Sipsipan
The Greatest Hits
Love Is in the Air
Delusyon
The Dreamer
The Lost Tomb Under Yellow River
The Walk
Lawho Gouranger Naam Rey
Legends of the Condor Heroes: The Gallants
Gadar 2
Making It Up
Fireworks

Leave a comment