I.S.S(International Space Station)နိုင်ငံတကာ အာကာသစခန်းတည်ဆောက်လိုက်ခြင်းဟာ စစ်အေးတိုက်ပွဲအပြီး အမေရိကန်နဲ့ ရုရှားပူးတွဲဆောင်ရွက်မှုရဲ့ ပြယုဂ်ဖြစ်ခဲ့ပါတယ်။ ဒီစခန်းမှာက အဓိကအားဖြင့် အဆင့်မြင့်နည်းပညာတွေနဲ့ ဆေးဘက်ဆိုင်ရာတွေ၊ အာကာသလေ့လာရေးအတွက်သုတေသနပြုမှုတွေလုပ်တာပေါ့။ ဒီကနေ့ခေတ်အရောက်မှာတော့ အမေရိကန်နဲ့ရုရှားနှစ်နိုင်ငံလုံးမှ အာကာသယာဥ်မှူးတွေဟာ နိုင်ငံတကာအာကာသစခန်းမှာအခြေချနေထိုင် သုတေသနပြုလျက်ရှိပြီး ကမ္ဘာမြေပြင် ပြင်ပက သီးသန့်သုတေသနနိုင်ငံလေးလိုဖြစ်နေပါပြီ။
သို့ပေမဲ့ ကမ္ဘာမြေပြင်မှာ နျူစစ်ပွဲတွေဖြစ်လာပြီး စစ်မီးတွေတောက်လောင်လာချိန်မှာတော့ ဒီသုတေသနနိုင်ငံလေးကလည်းမငြိမ်းချမ်းနိုင်တော့ပါဘူး။ အမေရိကန်ဘက်ကရော ရုရှားဘက်ကပါ ဒီအာကာသစခန်းကိုအပိုင်သိမ်းဖို့ သူတို့ရဲ့ အာကာသယာဥ်မှူးတွေကို အမိန့်ပေးလာတဲ့အခါမှာတော့….။
ဒီစခန်းက နျူစစ်ပွဲအတွက် ဘာလို့အရေးပါနေတာလဲ? အာကာသစခန်းထဲက သိပ္ပံပညာရှင်တွေကရောဘယ်လိုဆုံးဖြတ်ချက်တွေချသွားမလဲ? အားလုံးအသက်ရှင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ sci-fi၊ thriller မူဗီလေးပဲဖြစ်ပါတယ်…
#I.S.S. #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar