What's happening?

Video Sources 529 Views Report Error

  • Watch traileryoutube.com
  • And Then Come the Nightjars (2023)Unknown resource
And Then Come the Nightjars

And Then Come the Nightjars

Sep. 01, 2023United Kingdom81 Min.n/A
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ခွာနာလျှာနာရောဂါကို တော်တော်များများ ကြားဖူးကြမှာပါ။ ၂၀၀၁ -ခုနှစ်လောက်တုန်းကပေါ့။ ဗြိတိန်မှာ ခွာနာလျှာနာ အကြီးအကျယ်ကူးစက်ပျံ့နှံခဲ့ပါတယ်။ မွေးမြူရေးခြံပေါင်း ၁၀,၀၀ လောက် ကူးစက်ခံရတာကြောင့် လူပေါင်း ၈၀၀၀ -ကျော်လောက် အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် တိရစ္ဆာန်တွေကို သတ်ဖြတ်တဲ့လုပ်ငန်းစဉ်မှာ ‌ဗြိတိသျှပေါင် ၃-ဘီလီယံကျော် ကုန်ကျခဲ့ပါတယ်။

မွေးမြူရေးတိရစ္ဆာန်ပေါင်း ၆.၅ သန်းလည်း အသတ်ခံခဲ့ရပါတယ်။ အခု ဒီရုပ်ရှင်ကတော့ အဲဒီအချိန်ကာလကို ပြန်တည်ထားတာပါ။ အဲဒီအခြေအနေအကျပ်အတည်းကို နောက်ခံထားပြီးရေးဖွဲ့ထားတဲ့ ဆုရပြဇာတ်တစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းလိုက်တာပဲဖြစ်ပါတယ်။

မွေးမြူရေးခြံရှင် အဖိုးကြီးတစ်ဦးနဲ့ လူလတ်ပိုင်း ဒေသန္တရတိရစ္ဆာန်ဆရာဝန်တစ်ဦးကြားက အပိုဆာဒါးမပါတဲ့ ရိုးရှင်းနွေးထွေးတဲ့ဆက်ဆံရေးတစ်ခုကို တွေ့မြင်ရမှာပါ။ ခြံရှင်အဖိုးကြီးဟာ သူ့ရဲ့ နွားတွေကို သားသမီးတွေနဲ့မခြား ချစ်သူဖြစ်ပြီး သူ့ရဲ့ အချိန် စိတ်နှလုံး တစ်ဘဝလုံးကို သူတို့တွေဆီမှာသာ မြှုပ်နှံထားသူဖြစ်ပါတယ်။ တိရစ္ဆာန်ဆရာဝန်ကတော့ ဒီဒေသမှာ တာဝန်ကျတဲ့ အပြင်ကလူပေါ့။ ဒါပေမဲ့ ဒီမှာ အနေကြာလာပြီး ဒေသကို (အထူးသဖြင့်တော့ အဖိုးကြီးကို) ခင်တွယ်လာသူဖြစ်ပါတယ်။ သူ့ အားလပ်ချိန်တွေဆို အဖိုးကြီးခြံကို သွားပြီး ကလေးတစ်ယောက်ယောက်လိုပဲ အဖိုးကြီးနောက်ကို တကောက်ကောက်လိုက်ပြီး စကားတွေ တောင်စဉ်ရေမရ ပြောနေတတ်ပါသေးတယ်။

ဒီလိုနဲ့ ခွာနာလျှာနာ ကူးစက်နှုန်းမြင့်လာပြီး ရောဂါထိန်းချုပ်ရေးအတွက် သတ်ဖြတ်တာတွေ မီးရှို့တာတွေ စလုပ်လာတဲ့အချိန်မှာတော့. မွေးမြူရေးတိရစ္ဆာန်တွေကို သားသမီးလိုချစ်တဲ့အဖိုးကြီးနဲ့ တာဝန်အရ သတ်ဖြတ်မှုတွေကို ဦးဆောင်ရမဲ့ တိရစ္ဆာန်ဆရာဝန်တို့ရဲ့ကြားက ဆက်ဆံရေးလေး ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်စောင့်ကြည့်ကြရပါလိမ့်မယ်။

#AndThenCometheNightjars #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

And Then Come the Nightjars
Original title And Then Come the Nightjars
IMDb Rating 6.4 61 votes
TMDb Rating 5.2 6 votes

Director

Cast

Similar titles

The Woman in Cabin 10
Golda
Elegy
How to Make Millions Before Grandma Dies
Get Close 2
Joyeux Noel
Goyo
The Stone
The Lost Bus
Homestay
Underground
The Walk

Leave a comment