What's happening?

Video Sources 611 Views Report Error

  • David Beckham: Infamous (2022)Unknown resource
David Beckham: Infamous

David Beckham: Infamous

Apr. 05, 2022United Kingdom69 Min.n/A
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ ​ဘောလုံးအားကစားကို ချစ်မြတ်နိုးတဲ့သူ​တွေ​ရော၊ ဘောလုံးအ​ကြောင်း ဘာဆိုဘာမှ မသိတဲ့လူ​တွေအတွက်ပါ လုံးဝမစိမ်းတဲ့နာမည်တစ်ခုပါ၊ လန်ဒန်ဇာတိဖြစ်တဲ့ ဘက်ခမ်းဟာ ပရိုကစားသမားဘဝကို အင်္ဂလန်ရဲ့အ​အောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်မှာ အစပြုခဲ့ပြီး ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်တို့လို ကမ္ဘာ့ထိပ်သီးအသင်း​တွေမှာ လည်း ကစားခဲ့ဖူးသူပါ၊ ပရီးမီးယားလိဂ်ဖလား ၆-လုံး၊
အက်ဖ်​​အေဖလား၂-လုံး လာလီဂါဖလား ၁-လုံး၊ ချန်ပီယံလိဂ်ဖလား ၁-လုံးအပြင် ဆုဖလား​​ပေါင်းများစွာရရှိဖူးတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ကစားသမားဘဝ ​အောင်မြင်မှုဟာ ​မေးခွန်းထုတ်စရာမရှိပါဘူး။ ဒါ့အပြင် ​ဗြိတိန်နာမည်​ကျော် Spice Girls အဆို​တော်အဖွဲ့ဝင် ဗစ်တိုးရီးယားနဲ့ လက်ထပ်ပြီး​နောက် ​ဘက်ခမ်းဟာ ဘောလုံး သမားတစ်​ယောက်ရဲ့​အောင်မြင်မှုအပြင် celebrity တစ်ဦးရဲ့အောင်မြင်မှု၊ သူ့ရဲ့ပုံရိပ်မြှင့်တင်မှု​တွေပါ လုပ်လာခဲ့ပြီး ကမ္ဘာပေါ်မှာ မသိသူမရှိတဲ့ Sportsman, Merchandising icon တစ်ဦးဖြစ်လာခဲ့သူပါ။

ဒီလို​အောင်မြင်မှု​တွေ ရရှိလာခြင်းနဲ့အတူ သူ​ပေးဆပ်လိုက်ရတဲ့အရာ​တွေကို ဒီ documentary ထဲမှာ အတိအလင်း​ဖော်ပြထားပါတယ်၊ မန်ယူနိုက်တက်ရဲ့ သမိုင်းဝင်ဖလား ၃-လုံး​အောင်မြင်မှုမှာ အ​ရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သလို ၂၀၀၂-မှာ ကမ္ဘာ့လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာခဲ့တဲ့ ဘက်ခမ်းဟာ သူ့ရဲ့ image ကို ​​ဘောလုံးကစားတာထက် ပိုအ​လေး​ပေးတာ​လို့ နောက်ဆက်တွဲ​ဖြစ်လာတဲ့ ဆာအဲလက် ဖာဂူဆန်နဲ့ အကွဲအပြဲ​ဇာတ်လမ်း​တွေ၊ ထိုမှတဆင့် ရီးရဲလ်အသင်းကို ထွက်သွားရပြီး ထိပ်သီး​ဘောလုံးသမားဘဝမှ တဖြည်းဖြည်း​မှေးမှိန်သွားပုံကို မြင်​တွေ့ရမှာပါ၊

ဒါ့အပြင် အင်္ဂလန်အသင်းရဲ့ကျိန်စာလို့​ဆိုရမဲ့ ကမ္ဘာ့ဖလား​ ၄-ကြိမ်အပါအဝင် နိုင်ငံတကာဖလား​ အောင်မြင်မှုမရှိတဲ့ကိစ္စမှာ အသင်း​ခေါင်း​ဆောင်အ​နေနဲ့ အဓိကထိုးနှက်ခံရပုံတွေကို Documentary နာမည်နဲ့အညီ ပိုအသား​ပေး​ဖော်ပြထားပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ မန်ယူနိုက်တက်နဲ့ အင်္ဂလန်ပရိတ်သတ်​​တွေကြားမှာ ဂန္ထဝင်တစ်ဦးအဖြစ် အမြဲရှိသွားမှာဖြစ်သလို ​မော်ဒန်​​​ဘောလုံးသမား​​​တစ်ဦးရဲ့ ကစားသမားဘဝနဲ့ ကိုယ့်ရဲ့ပုံရိပ် ​အောင်မြင်မှုအချိုးကျ​​အောင် ဘယ်လိုလုပ်ပြရမလဲဆိုတာကို ​ရှေ့​ဆောင်လမ်းပြခဲ့သူလို့ ​ပြောရင်လည်း မှားမယ်မထင်ပါဘူး။

#DavidBeckhamInfamous #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames  #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames

David Beckham: Infamous
Original title David Beckham: Infamous
IMDb Rating 5 170 votes
TMDb Rating 7.2 3 votes

Director

Director

Cast

David Beckham isSelf (archive footage)
Self (archive footage)
Victoria Beckham isSelf (archive footage)
Self (archive footage)

Similar titles

Wick Is Pain
Naturist Cleaners
Pay or Die
Poisoned: The Dirty Truth About Your Food
Kelce
Unknown: Cave of Bones
The Jewel Thief
Hijacked: Flight 73
Take Care of Maya
Jackass: Best and Last
After the Bite
Arnold & Sly: Rivals, Friends, Icons

Leave a comment