What's happening?

Video Sources 505 Views Report Error

  • Watch traileryoutube.com
  • Desperado (1995)Unknown resource
Desperado

Desperado

He came back to settle the score with someone. Anyone. EVERYONE.Aug. 25, 1995United States | Mexico104 Min.R
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဒီရုပ်ရှင်က တစ်ကားလုံး ချတာမှမြင်ချင်တဲ့လူတွေအတွက် ရုပ်ရှင်ပါ။ ၈၀% လောက်က ဝုန်းဒိုင်းကြဲနေတာကို တွေ့လိမ့်မယ်။ ဂန်းတွေပစ်မယ်။ သွေးတွေအလိမ်းလိမ်းနဲ့ ကြမ်းပေ့ဆိုတဲ့ အက်ရှင်ကားမျိုးပေါ့။ ဒီရုပ်ရှင်က ရုပ်ရှင်လောကထဲ အန်တိုနီယို ဘန်းဒရက်စ် ခပ်ကြမ်းကြမ်း ဝင်လာတဲ့ရုပ်ရှင်တစ်ခုဆိုရင်လည်းဟုတ်တယ်။ ဒီကားက El Mariachi ကို အမေရိကန်အထာ ဘတ်ဂျက် ၇ သန်းသုံးပြီး ပြန်ရိုက်ထားတဲ့ကားပါ။ ဒီရုပ်ရှင်ကလည်း ၁၀ -ဆ နီးပါး ပြန်အမြတ်ထွက်ခဲ့တယ်။

ဇာတ်လမ်းက သူ့မိန်းမကို သတ်ခဲ့တဲ့လူကို ပြန်လက်စားချေတဲ့ Miriachi မက္ကဆီကန် ဂီတသမားအပေါ် တည်ထားတယ်။ သူ့မိန်းမကို သတ်သွားတဲ့ မူးယစ်ရာဇာတွေကို လက်စားချေဖို့ ဘဝတစ်ခုလုံးကို ရင်းထားတဲ့လူပေါ့။ ဂီတာသေတ္တာကြီးတစ်လုံးကို ဆွဲပြီး သူလက်စားချေချင်တဲ့ မူးယစ်ရာဇာကို တစ်မြို့ဝင် တစ်မြို့ထွက် လိုက်ရှာတယ်။

သူ့ရဲ့ ဂီတာသေတ္တာထဲက သေနတ်ကြီးကို ထုတ်ပြီး လူဆိုးတွေကို ဘယ်လိုသတ်ကြောင်း ဇာတ်လမ်းက ဂိုဏ်းတွေကြားမှာပါ ဒဏ္ဍာရီတစ်ပုဒ်အနေနဲ့ ပျံ့နေတယ်။ တစ်နေ့‌တော့ မက္ကဆီကို မြို့ငယ်လေးကို သူရောက်လာတယ်။ အဲဒီမြို့မှာ သူလက်စားချေချင်တဲ့ မူးယစ်ရာဇာလည်း ရောက်နေတယ်။ အဲဒီမှာ စာအုပ်ဆိုင်ကကောင်မလေး (Salma Hayek) နဲ့ တွေ့ပြီး ချစ်သွားကြတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က အက်ရှင်ကိုအသားပေးတဲ့အတွက် ချစ်ခန်း ကြိုက်ခန်းတွေ သိပ်တော့မပါဘူး။ ‌

ဇာတ်လမ်းထဲမှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို သံသယဝင်ရက်စရာတွေပါတယ်။ လက်စားချေဖို့အတွက် သူ့ဘဝတစ်ခုလုံးကိုရင်းထားတာ တန်ရဲ့လားပေါ့။ ဇာတ်လမ်းကတော့ အပစ်အခတ်တွေနဲ့ လက်စားချေတဲ့ ဇာတ်ကြောင်းတစ်ခုပဲ။ Plot Twist ကတော့ ဇာတ်လမ်းပြီးခါနီးမှလာတယ်။ ဒီရုပ်ရှင်မှာ အန်တိုနီယိုဘန်းဒရက်စ်ရဲ့နာမည်ကို မပြောသွားဘူး။ Manito (ကောင်လေး) နဲ့ Miriachi (ဂီတသမား) လိုပဲသုံးသွားတယ်။ အဲဒီလို နာမည်မပြောသွားတာက တမင်လုပ်ထားတဲ့သဘောပဲ။ သူ့ရဲ့ Mysterious ဆန်ဆန် အငွေ့အသက်ကို တတ်နိုင်သမျှ ထိန်းချင်တဲ့ ဒါရိုက်တာရဲ့ စိတ်ကူးပဲဖြစ်လိမ့်မယ်။

Cast တွေကလည်း တော်တော်ကောင်းတယ်။ ထိပ်တန်းသရုပ်ဆောင်တွေကို သူတို့ရဲ့ အရှိန်အတက်ဆုံးအချိန်မှာ သုံးလိုက်တာပဲ။ Antonio Banderas က ဒီရုပ်ရှင်မထွက်ခင်ကတည်းက စပိန်မှာ နာမည်တော်တော်ရနေပြီ။ Desperado မှာ သူ့ရဲ့ performance ကြောင့် ဟောလိဝုဒ်အက်ရှင်လောကမှာ ခြေဆန့်ဖို့ အရှိန်တော်တော်ရသွားတယ်။ Salma Hayek ကတော့ ဘာပြောကောင်းမလဲ ဟော့လိုက်တာမှ အရမ်းပဲ။ Quentin Tarantino လဲ Cameo ပါထားပါတယ်။

ဒီရုပ်ရှင်က အကောင်းရော၊ အဆိုးရော ဝေဖန်ခံခဲ့ရတဲ့ရုပ်ရှင်ပါ။ Cinematography ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းမှာ ချီးကျူးခံရသလို ဇာတ်လမ်းသွက်တဲ့အပေါ်လည်း ဝေဖန်ခံခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုနောက်ပိုင်း ဖောဖောသီသီထွက်နေတဲ့ မရယ်ရတဲ့ဟာသတွေနဲ့ အက်ရှင်ကားတွေထက်စာရင်တော့ ဇာတ်လမ်းပိုင်း၊ စတန့်ပိုင်း နဲ့ Cinematography ပိုင်းမှာ သာတဲ့ ရုပ်ရှင်တစ်ခုပါပဲ။

#Desperado #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames  #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames

Desperado
Desperado
Desperado
Desperado
Desperado
Desperado
Desperado
Desperado
Desperado
Desperado
Original title Desperado
IMDb Rating 7.1 199,400 votes
TMDb Rating 6.93 2,780 votes

Director

Cast

Similar titles

The Ministry of Ungentlemanly Warfare
Shadow Land
Aśoka
Queen of Triads 3
Fist of Legend
Mission Raniganj
Ninja vs Shark
The Gentleman Thief
Eye for an Eye 2
Murder Mubarak
Desperate Sniper
RAM: Rapid Action Mission

Leave a comment