
IMDb Rating (6.2) / Rotten Tomatoes (80%)
What We Hide ကတော့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာတဲ့ အမေရိကန် ဒရာမာ ရုပ်ရှင်တစ်ကား ဖြစ်ပြီး Dan Kay ကဒါရိုက်တာလုပ် ဇာတ်ညွှန်းရေးသားခဲ့ပါတယ်။
Spider နဲ့ Jessie တို့ညီအစ်မနှစ်ယောက်ရဲ့ ဘဝဇာတ်လမ်းကိုအခြေခံ ရိုက်ကူးထားပြီး သူတို့မိခင်ဟာ မူးယစ်ဆေးအလွန်အကျွံ သုံးစွဲမှုကြောင့်သေဆုံးသွားချိန်မှာ စောင့်ရှောက်ရေးစနစ် (foster system) ထဲကို ရောက်ရှိသွားမယ်ဆိုရင် ညီအစ်မနှစ်ယောက် ကွဲသွားနိုင်တာကို စိုးရိမ်တဲ့အတွက် မိခင်ရဲ့အလောင်းကို ဝှက်ထားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။
ဒါပေမဲ့ ရဲအုပ် Sheriff Ben Jeffries ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ မိခင်ရဲ့မူးယစ်ဆေးရောင်းတဲ့ချစ်သူ Reece ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။
What We Hide ရုပ်ရှင်ဟာ မိသားစုဆိုင်ရာ ဒရာမာဖြစ်ပြီး လျှို့ဝှက်ချက်တွေနဲ့ ရှင်သန်ရပ်တည်ရေးအကြောင်းကို ညီအစ်မနှစ်ယောက်ရဲ့ဇာတ်လမ်းကတစ်ဆင့် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ အစိုးရကလေးစောင့်ရှောက်ရေးစနစ်ရဲ့ချို့ယွင်းချက်တွေကြောင့် ကလေးငယ်တွေကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေကို မီးမောင်းထိုးပြသထားပါတယ်။