What's happening?

Video Sources 617 Views Report Error

  • Watch traileryoutube.com
  • Kokowääh (2011)Unknown resource
Kokowääh

Kokowääh

Feb. 03, 2011n/A115 Min.n/A
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Kokowääh (2011)

IMDb Rating (6.2) / Rotten Tomatoes (63%)

နည်းနည်းရိုးရိုးလေးပဲ။ ရိုးနေတာကိုက ဆန်းနေတာလည်းဖြစ်နိုင်တယ်။ မိသားစုဇာတ်လို့လည်း ပြောလို့ရတယ်။ ရုပ်ရှင်လောက ဇာတ်လို့လည်း ‌ပြောလို့ရတယ်။ ဇာတ်ညွှန်းရေးတဲ့ စာရေးဆရာတစ်ယောက်ရှိတယ်။ သူက သူ့ရည်းစား စာရေးဆရာမနဲ့ပြတ်ပြီး တစ်ကိုယ်တည်း လေလွင့်နေတာ ကြာပြီ။ တစ်နေ့ သူအိမ်ပြန်လာတော့ သူ့အိမ်တံခါးဝမှာ ကလေးမလေးတစ်ယောက်ထိုင်နေတယ်။

ကလေးမလေးက သူ့အမေက သူ့ကိုလွှတ်လိုက်ကြောင်းပြောတယ်။ စာတစ်စောင်လည်း ပေးလိုက်တယ်။ သူသိလိုက်ရတာက အဲဒီကလေးက သူ့ကလေးဆိုတာပဲ။ ဒီကလေးကို သူ့အဖေနဲ့အမေ လက်ထပ်မဲ့နေ့မတိုင်ခင်မှာ ဇာတ်ညွှန်းရေးဆရာနဲ့ ကလေးအမေနဲ့ ညိပြီး မွေးခဲ့တာ။ ဆိုတော့ ကလေးအဖေက ကလေးဒီအရွယ်ရောက်မှ သူ့ကလေးမဟုတ်တာသိပြီး သူ့မိန်းမနဲ့ပြဿနာတက်ပြီး အိမ်ပေါ်က ဆင်းသွားတယ်။ ကလေးအမေကလည်း တရားတဘောင်ပြဿနာတွေတက်လာတော့ ကလေးကို အဖေအရင်းဖြစ်တဲ့ ဇာတ်ညွှန်းသမားအိမ်ရှေ့ထားသွားတာပေါ့။

သူ့ဘဝထဲ ကလေးဝင်လာတဲ့အချိန်မှာပဲ သူ့ရည်းစားဟောင်း စာရေးဆရာမကလည်းပြန်ဝင်လာခဲ့တယ်။ ဘဝထဲ သူ့အတွက်အရေးကြီးတဲ့အရာနှစ်ခု တစ်ပြိုင်တည်းဝင်လာပြီး ဒီနှစ်ယောက်စလုံးကို သူ့ဘဝထဲ ဘယ်လိုအသားတကျ နေရာချမလဲ ကြည့်ရမယ့်ဇာတ်လမ်းပါပဲ။ ဇာတ်ညွှန်းရေးဆရာတွေ စာရေးဆရာတွေဆိုတော့ ရုပ်ရှင်လောက အခြေအနေကို နည်းနည်းသရော်ထားတာလည်းပါတယ်။ အက်ဟောက်စ်ရုပ်ရှင်တွေကို သရော်ထားတယ်ပြောရမယ်ထင်ပါတယ်။ ရိုးရိုးလေးပေမဲ့ ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ Relationship ပြဿနာတွေ ယောက်ျားမိန်းမ အမြင်ကွဲလွဲမှုတွေ နည်းနည်းထည့်ထားတာကလည်း လက်တွေ့ကျတယ်။

Kokowääh
Kokowääh
Kokowääh
Kokowääh
Kokowääh
Kokowääh
Kokowääh
Kokowääh
Kokowääh
Kokowääh
Original title Kokowääh
IMDb Rating 6.2 10 votes
TMDb Rating 6.3 284 votes

Director

Cast

Similar titles

Mark Antony
Railroad Tigers
The Holy Man 2
Scrapper
Novocaine
Comic 8 Revolution: Santet K4bin3t
Bootcut Balaraju
A Bloody Aria
Ghost Town
Jackass Number Two
Ufff Yeh Siyapaa
Dada

Leave a comment