
A Chuck E. Cheese Christmas (2025)
IMDb Rating : 7.9/10
ခရစ္စမတ်ရဲ့ အနှစ်သာရဆိုတာဘာလဲ။ တကယ်တမ်းတော့ ခရစ္စမတ်ဆိုတာ အချင်းချင်းလက်ဆောင်ပေးရုံ ညစာအတူစားရုံ အားလပ်ရက်တစ်ခုမဟုတ်ပါဘူး။
ခရစ္စမတ်ရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်က ပေးကမ်းခြင်း၊ မေတ္တာတရားနှင့် ခွင့်လွတ်လက်ခံခြင်းပါတဲ့။
ဒီဇာတ်လမ်းကတော့ ခရစ္စမတ်ကာလလေးမှာ ကြည့်လို့ကောင်းမဲ့ ပေါ့ပေါ့ပါးပါး animation movie လေးဖြစ်ပြီး ချတ်ကီချိစ့်ဆိုတဲ့ကြွက်ကလေးနဲ့
သူငယ်ချင်းတစ်သိုက်က ခရစ်စမတ်ရဲ့အနှစ်သာရကို လူတွေသိအောင် ဘယ်လိုပြသမလဲ၊ ခရစ္စမတ်ကို ဘယ်လိုကယ်တင်ကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ။