
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တပ်ဖွဲ့ခေါင်းဆောင်မလေး ချန်ဖေးဟာ စစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့ပါတနာမလေးတစ်ယောက် လူဆိုးလက်မှာ
အဖြစ်ဆိုးနဲ့သေသွားပြီးနောက်မှာ တင်းကုန်းဆိုတဲ့ မူးယစ်ရာဇာကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ သစ္စာဆိုခဲ့ပါတယ်။
သာမန်စီးပွားရေးသမားအယောင်ဆောင် ဉာဏ်များတဲ့မူးယစ်ရာဇာကြီးရဲ့ ပြစ်မှုကျူးလွန်ကြောင်း သက်သေအထောက်အထားရဖို့ရာ
အမျိုးမျိုးစွန့်စားပြီး အန္တရာယ်ကြားက ကစားပွဲတစ်ခုပဲဖြစ်ပါတယ်။
ချန်ဖေးဟာ သူ့ရဲ့ရဲဘော်ရဲဘက်တွေ အရင်လိုထပ်မဆုံးရှုံးရအောင် အသက်ပေးသွားတဲ့ရဲဘော်တွေရဲ့စတေးမှုတွေ အလကားမဖြစ်ရအောင်
လူမှုပတ်ဝန်းကျင်ကိုဖျက်ဆီးနေတဲ့ မူးယစ်ရာဇာကြီးကို ဘယ်လိုအမိဖမ်းမလဲဆိုတာ ဆက်ပြီးအားပေးကြည့်ရှုလိုက်ကြပါဦး။