What's happening?

Video Sources 489 Views Report Error

  • Watch traileryoutube.com
  • District 9 (2009)Unknown resource
District 9

District 9

You are not welcome here.Aug. 05, 2009USA112 Min.R
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

District 9 (2009)

IMDb Rating (7.9) / Rotten Tomatoes (90%)

ဒီကားက တခြားဂြိုလ်သားကားတွေနဲ့ လုံးဝကိုကွဲထွက်သွားတဲ့ကားဖြစ်ပါတယ်။ အစပိုင်းပဲကြည့်ရင်တော့ ပျင်းမှာမှန်ပေမဲ့ ၁၅ မိနစ်လောက်ပဲစိတ်ရှည်ရှည်ကြည့်လိုက်ပါ။ ဒီဇာတ်ကားရဲ့အရှိန်က ဇာတ်လမ်းပြီးတဲ့အထိကိုရိုးရိုးလေးနဲ့ တီဗွီရှေ့ကနေထမရအောင်ကို ဆွဲဆောင်သွားမယ်ဆိုတာ အသေချာပြောရဲပါတယ်။ ဒီကားကို ဂြိုလ်သားပါတဲ့ ဇာတ်လမ်းလို့သာ သိထားပြီးtrailer တွေ၊ rating တွေ မသိဘဲနဲ့ ကြည့်ဖြစ်ခဲ့တာပါ။ နောက်မှ Imdb 8 နဲ့ RT 90% တောင် ရထားတဲ့ ဇာတ်ကားမှန်းသိပါတယ်။ တကယ်လည်း ထိုက်တန်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဂြိုဟ်သားတွေ ကမ္ဘာကို သူတို့ရဲ့ အာကာသယာဉ် တစ်ခုခုချို့ယွင်းပြီး ရောက်ရှိလာတာပါ။ တောင်အာဖရိက ရဲ့ Johannesburg မြို့ ကောင်းကင်ပေါ်မှာ အချိန်အတော်အကြာ လှုပ်ရှားမှုမရှိဘဲ ရပ်တန့်နေခဲ့တယ်။ ဒါကြောင့် လူသားတွေက ယာဉ်ထဲကို ဖောက်ထွင်း စစ်ဆေးဖို့သွားကြတယ်။ အဲဒီမှာတော့ အစာရေစာ ငတ်မွတ်နေတဲ့ ဂြိုဟ်သား အများကြီးကို တွေ့ရပါတော့တယ်။

သုံးသပ်ချက်အရ အခုတွေ့ရတဲ့ ဂြိုဟ်သားတွေဟာ လုပ်သားအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ခေါင်းဆောင် ဂြိုဟ်သားတွေကတော့ ထူးဆန်းစွာ ပျောက်ဆုံးနေပါတယ်။ အဲဒီလိုနဲ့ သူတို့ကို ခိုလှုံခွင့်ပြုခဲ့တာ နှစ် ၂၀ ကျော်တောင် ကြာသွားခဲ့တယ်။ သူတို့ရဲ့ အရေအတွက်ကလည်း သန်းကျော်ရှိနေပြီ။ ဒေသခံလူတွေနဲ့လည်း ပရိပက္ခတွေ ဖြစ်တာပေါ့။ ဂြိုလ်သားတွေပုံစံကလည်း လူတွေနဲ့တည့်အောင် မပေါင်းတတ်ကြဘူး။ သူတို့ဖာသာ စားစရာမရှိရင် အမှိုက်ပုံက ရှာစားတယ်။ ကြောင်စာ အရမ်းကြိုက်တယ်။

လူတွေနဲ့ နားလည်အောင်တော့ စကားပြောတတ်တယ်။ ဒါပေမဲ့ သူတို့ကြည့်ရတာ လူ့သဘာဝကို လုံးဝနားမလည်ဘူး။ နောက်ဆုံး လူတွေနားမှာ ထားလို့မဖြစ်တဲ့အတွက် သူတို့ကို လူတွေနဲ့ဝေးရာပို့ဖို့ လုပ်ကြရတာပေါ့။ အဲဒါကို MNU ဆိုတဲ့ အဖွဲ့အစည်းက တာဝန်ယူထားတယ်။

ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်က Wikus van de Merwe ၊ သူက MNU က အရာရှိတစ်ယောက်။ သူက ဂြိုဟ်သားတွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် ပြောင်းရွေ့ကြောင်းသဘောတူလက်မှတ်ထိုးဖို့ တာဝန်ယူရတယ်။ လူကလည်း နည်းနည်း အူကြောင်ကြောင် ပုံစံမျိုး။ အဲလိုနဲ့ စာရင်းလိုက်ကောက်ရင်း ဂြိုဟ်သားမိသားစု တစ်ခုဆီရောက်လာတယ်။ အဲဒီ မိသားစုက ကမ္ဘာကထွက်သွားနိုင်အောင် ကြံနေတယ်။ အခြား ကောင်တွေထက် ဉာဏ်ရည်မြင့်တယ်လို့ပြောရမယ်။

သူတို့က အာကာသယာဉ်ကို အသက်သွင်းဖို့ လောင်စာအရည်တွေကို နှစ်၂၀လောက် ကြိတ်ပြီးရှာထားတာ။ ဖြစ်ချင်တော့ Wikus အဲဒီ လောင်စာဘူးကို တွေ့သွားတယ်။ သူရဲ့ နမော်နမဲ့နိုင်မှုကြောင့် အဲဒီ အရည်နည်းနည်း မျက်နှာကို ပက်မိသွားတယ်။

အဲမှာဇာတ်လမ်းကစတော့တာပါပဲ။ ဒီဇာတ်ကားကို ဘာကြောင့်ကြည့်သင့်သလဲ၊ လူ့စိတ် သဘာဝကို ပါးပါးလေး ထင်ဟပ်တယ်။ အဲဒါက ပရိတ်သက်ကို တိုက်ရိုက်ထိစေတာ။ ကျွန်တော်ကိုယ်တိုင် အစက ဂြိုဟ်သားတွေကို ကြည့်မရဘူး။ သူတို့ကြည့်ရတာ အသိဉာဏ်နိမ့်၊ အလကား ဂြိုဟ်သားတွေလို့ မြင်တယ်။ Inter-galactic travel ကို ဘယ်လိုထွင်လာလဲဆိုတာ ယုံတောင် ယုံစရာ မရှိဘူး။

လူဆိုတာ ကိုယ်နဲ့မတူရင် မုန်းတယ်၊ မကြိုက်ဘူး၊ ကန့်ကွက်တယ်။ ဒါပေမဲ့ နောက်ပိုင်း ဂြိုဟ်သားတွေ အကြောင်း Wikus နဲ့အတူသိလာတဲ့အခါ သူတို့ကို နားလည်လာတယ်။ သူတို့က ရိုးသားတယ်။ ရိုးတယ်ဆိုတာက သူတို့က လူတွေလို မကောက်ကျစ်ဘူး။ ရန်တော့လိုတယ်။ တစ်ခါလေ လူတွေကို ကုတ်ဖဲ့ ပစ်လိုက်တာပဲ။ အဲဒါကောင်းတယ်။ စိတ်ထဲမှာ ရှိတာကို ရှိတဲ့အတိုင်း လုပ်ပြတာ။

အဲဒီမှာ ခုနက ကိုယ့်ရဲ့ မေးခွန်းတွေကို ပြန်ဖြေတတ်လာတယ်။ သူတို့မှာ လူတွေနဲ့ မတူတာက စည်းလုံးတယ်။ အဲဒီအချက်ကပဲ သူတို့ကို လူသားတွေထက်သာတဲ့ နည်းပညာကို တီထွင်နိုင်စေတယ်။ လူအားလုံး အဆိုးမဟုတ်သလို ဂြိုဟ်သားအားလုံးကလည်း ကောင်းချင်မှ ကောင်းမယ်။

သေချာတာကတော့ ဒီဇာတ်ကားမှာ အခု ကျွန်တော်ပြောသွားတာထက် တွေးစရာ အများကြီးပါပါသေးတယ်။ သေချာတာတစ်ခုကတော့ ဂြိုဟ်သားကား ကောင်းကောင်းဘာရှိလဲ မေးလာရင် District 9 ကို ထိပ်ဆုံးက ပြောမိမှာပါ။

(ဇာတ်ကားအညွှန်းကိုတော့ plushpedia မှကူးယူတင်ပြပါတယ်။)

District 9
District 9
District 9
District 9
District 9
District 9
District 9
District 9
District 9
District 9
Original title District 9
IMDb Rating 7.9 750,261 votes
TMDb Rating 7.462 10,186 votes

Director

Cast

Sharlto Copley isWikus van de Merwe
Wikus van de Merwe
Jason Cope isChristopher Johnson / Grey Bradnam / Trent
Christopher Johnson / Grey Bradnam / Trent
Nathalie Boltt isSarah Livingstone - Sociologist
Sarah Livingstone - Sociologist
Sylvaine Strike isDr Katrina McKenzie
Dr Katrina McKenzie
John Sumner isLes Feldman - MIL Engineer
Les Feldman - MIL Engineer
William Allen Young isDirk Michaels
Dirk Michaels
Nick Blake isFrancois Moraneu - CIV Engineer Team
Francois Moraneu - CIV Engineer Team
Robert Hobbs isRoss Pienaar
Ross Pienaar

Similar titles

Deadpool & Wolverine
V/H/S/ 85
Samara
Godzilla x Kong: The New Empire
The End
Star Abyss
Jana Nayagan
Arcadian
Badland Hunters
Greenland 2: Migration
Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack
65

Leave a comment