
Love You So Bad (2025)
————–
ကောလိပ်ကျောင်းသူလေးနဲ့ လူမိုက်ဆန်ဆန် badboy လေးကြားထဲက ဖိလစ်ပိုင်အချစ်ကားလေးပါ။
ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းရဲ့ နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီး ဘဝကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကာ ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းနေတဲ့ မိန်းကလေး “ဆာဗားနား” အကြောင်းကနေ စတင်ထားပါတယ်။ ဆာဗားနားဟာ အပြင်ပန်းမှာ ကြံ့ကြံ့ခံနိုင်ပုံပေါက်ပေမဲ့ အတွင်းစိတ်ထဲမှာတော့ အတိတ်က ရရှိခဲ့ဖူးတဲ့ အချစ်ရေးဒဏ်ရာဟောင်းတွေကြောင့် နှလုံးသားတံခါးကို အလွယ်တကူ မဖွင့်ဝံ့ဘဲရှိနေသူပါ။
ဒါပေမဲ့ သူမရဲ့ဘဝထဲကို မတူညီတဲ့ ဆန့်ကျင်ဘက် အမျိုးသားနှစ်ဦး ပြိုင်တူဝင်ရောက်လာတဲ့အခါမှာတော့ သူမရဲ့ကမ္ဘာငယ်လေးဟာ စတင်လှုပ်ခတ်ပါတော့တယ်။
ပထမတစ်ယောက်ကတော့ စည်းကမ်းဘောင်တွေကို ဂရုမစိုက်ဘဲ စိတ်လှုပ်ရှားစရာ ကောင်းလွန်းတဲ့ လမ်းသရဲဆန်ဆန် လူဆိုးကောင်လေး “အယ်လ်အေ” ဖြစ်ပြီး၊ ဒုတိယတစ်ယောက်ကတော့ ဘဝပန်းတိုင်ကြီးမားကာ သူမအပေါ် အမြဲတမ်းနွေးထွေးစွာ ကာကွယ်ပေးမဲ့ အောင်မြင်လိုစိတ်ပြင်းပြသူ “ဗစ်” ဖြစ်နေပါတယ်။
ဆာဗားနားဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ Bad boy နဲ့ လူကြီးလူကောင်းဆန်ဆန် gentleman တို့ကြားထဲမှာ…ဘယ်သူ့လက်ကို တွဲမလဲဆိုတာကို ရင်ခုန်စရာ ရိုက်ပြထားပါတယ်။