
The Run (2025)
ဒီတစ်ခါမှာတော့ Sci-fi, dystopian ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။
လူသားမျိုးနွယ်တွေ ကလေးမမွေးဖွားနိုင်တဲ့ ရောဂါကပ်ဆိုးကြီး ကူးစက်ပြန့်ပွားနေတဲ့ကမ္ဘာကြီးမှာ ကလေးငယ်တွေက အရမ်းရှားပါးတာကြောင့် လူဆိုးဂိုဏ်းအဖွဲ့တွေက ကလေးတွေကို ခိုးယူရောင်းဝယ်တတ်ကြပါတယ်။
Mac ဆိုတဲ့ အသက်ကြီးကြီး မှောင်ခိုတင်သွင်းသမားက သူ့ရဲ့ထုံးစံအတိုင်း တရားမဝင်သယ်ယူပိုဆောင်မှုတစ်ခုကို လုပ်ပေးစရာရှိပါတယ်။
ဒါပေမဲ့ ထွက်ပြေးလာတဲ့ ဆယ်ကျော်သက်ကောင်မလေး Aliah နဲ့ သူ့ရဲ့မွေးကင်းစကလေးလေးကိုမြင်တော့ Mac က သနားသွားပြီး သူတို့ကို လွတ်မြောက်အောင်ကယ်တင်ပေးဖို့ ကူညီပါတော့တယ်။
Aliah နောက်ကိုလိုက်နေတဲ့ ရာဇဝတ်သမားတွေနဲ့ သူအလုပ်လုပ်ပေးနေတဲ့ အန္တရာယ်များတဲ့ ဘော့စ်တွေကိုတောင် ပုန်ကန်ပြီးတော့ Mac တစ်ယောက်က သူ့အသက်ကိုရင်းပြီး သူစိမ်းမိန်းကလေးနဲ့ ကလေးလေးကို ကူညီပေးရင်း ဘယ်လိုကြမ်းတမ်းတဲ့အန္တရာယ်တွေကို ဆက်ရင်ဆိုင်ရမလဲ?
သူကိုယ်တိုင်ရော Aliah တို့ကိုရော အသက်ရှင်ကျန်ရစ်အောင် ကာကွယ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာပဲ ဆက်အဖြေရှာကြည့်လိုက်ပါဦးဗျာ။