
Return of the Legend (2026)
စူးဖုန်ဟာ အပြင်ပန်းကြည့်ရင် ကြမ်းတမ်းခက်ထန်ပုံရပေမဲ့ တကယ်တမ်းတော့ စိတ်ထားကောင်းပြီး သစ္စာရှိတဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်ပါတယ်။ သူဟာ အရင်က
ဂိုဏ်းချုပ်ဖြစ်သူ ကျန်းမင်နဲ့အတူ ရဲဘော်ရဲဘက်တွေအဖြစ် မာဖီးယားလောကမှာ နယ်မြေတွေအများကြီးကို သိမ်းပိုက် စိုးမိုးခဲ့ပြီး “သရဖူမဲ့ဘုရင်”လို့တောင် အမည်ကြီးခဲ့သူပါ။
ဒါပေမဲ့ ဂိုဏ်းကြီးပွားတိုးတက်နေချိန်မှာပဲ ဂိုဏ်းချုပ်ကျန်းမင်ဟာ ပြိုင်ဘက်တွေရဲ့ ထောင်ချောက်ဆင် နှိပ်စက်မှုကိုခံရပြီး သေဆုံးသွားခဲ့ပါတယ်။ စူးဖုန်ဟာလည်း ခေါင်းဆောင်အလောင်းကို
သွားရောက်သယ်ဆောင်ရင်း ထောင်ချောက်ထဲသက်ဆင်းကာ ၅ နှစ်တိုင်တိုင် ထောင်ဒဏ်ကျခံခဲ့ရပါတယ်။
၅ နှစ်အကြာမှာတော့ သူဟာ မာဖီးယားလောကကို စိတ်ကုန်သွားပြီး အေးအေးချမ်းချမ်းနေထိုင်ဖို့သာ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်သူ မသေခင်က သူ့ရဲ့ကလေးကို စောင့်ရှောက်ပေးဖို့ နောက်ဆုံးမှာကြားခဲ့တဲ့ ကတိစကားတစ်ခုကြောင့် စူးဖုန်တစ်ယောက် လောကထဲ ပြန်လည်ခြေဆန့်လာရပါတယ်။
စူးဖုန် ပြန်လည်ရောက်ရှိလာခြင်းက ရန်သူဟောင်းတွေနဲ့ အာဏာမက်သူတွေကို ထိတ်လန့်သွားစေပြီး သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ နည်းလမ်းပေါင်းစုံ သုံးလာကြပါတယ်။ ဘေးပတ်ဝန်းကျင်က
အမြဲတမ်း လာရောက်နှောင့်ယှက် ဖိအားပေးလွန်းတာကြောင့် နောက်ဆုံးမှာတော့ စူးဖုန်တစ်ယောက် ဒေါသပေါက်ကွဲသွားပြီး သူ့ရဲ့ ရဲဘော်ရဲဘက်ဟောင်းတွေကို ပြန်လည်စုစည်းကာ
“မကောင်းမှုကို မကောင်းမှုဖြင့်သာ” အဆုံးစီရင်ဖို့ လောကထဲကို ဒဏ္ဍာရီတစ်ခုအဖြစ် ပြန်လည်ဝင်ရောက်လာပါတော့တယ်။
စူးဖုန်တစ်ယောက် ဟောင်ကောင်မြို့ရဲ့ အဖြူအမဲလောကကြီးကို ဘယ်လိုသန့်စင်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။