What's happening?

Video Sources 26 Views Report Error

  • Watch traileryoutube.com
  • By Any Means (2026)Unknown resource
By Any Means

By Any Means

The FBI couldn't crack it. So they called in the mob.Sep. 02, 2026US, AU, GB107 Min.
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

By Any Means (2026)

++++++++++++

By Any Means (၂၀၂၆) ရုပ်ရှင်ကားလေးကတော့ အမေရိကန်ပြည်ထောင်စုရဲ့ တကယ့်သမိုင်းဝင် ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ မှုခင်းနဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ ကားလေးပါ။

ဇာတ်လမ်းက ၁၉၆၀ ပြည့်လွန်နှစ်တွေက အမေရိကန်နိုင်ငံ တောင်ပိုင်း မစ္စစ္စပီ ပြည်နယ်မှာ အခြေတည်ထားပါတယ်။ အဲဒီအချိန်က တောင်ပိုင်းမှာ လူဖြူကြီးစိုးရေးဝါဒီ ကူကလပ်ကလန် အဖွဲ့တွေက လူမည်းတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ အချိန်ပေါ့။ ၁၉၆၄ ခုနှစ် နွေရာသီမှာ လူမည်း အခွင့်အရေး လှုပ်ရှားသူ ၃ ယောက် ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ်ကနေ ဇာတ်လမ်းစတင်ပါတယ်။

ဒီအမှုတွေကို စုံစမ်းဖို့ အက်ဖ်ဘီအိုင် က လူမည်း အေးဂျင့် ဝိန်းစတရိုက်ဒါ ကို တာဝန်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒေသခံရဲတွေကရော၊ လူထုကပါ အကြောက်တရားကြောင့် ပူးပေါင်းမပါဝင်ကြပါဘူး။ တရားဥပဒေလမ်းကြောင်းအရ သွားလို့ မရတော့တဲ့အဆုံး အက်ဖ်ဘီအိုင် က နယူးယောက်က နာမည်ကြီး မာဖီးယား လူသတ်သမား ဂရက်ဂ် စကားပါး ကို လျှို့ဝှက်ငှားရမ်းပြီး စတရိုက်ဒါ နဲ့ တွဲဖက်ပေးလိုက်ပါတယ်။

တကယ့် သမိုင်းမှတ်တမ်းတွေအရလည်း အပြင်က ဂရက်ဂ် စကားပါး ဟာ အက်ဖ်ဘီအိုင် သတင်းပေးအဖြစ် အလုပ်လုပ်ခဲ့ပြီး ကူကလပ်ကလန်တွေကို နှိမ်နင်းရာမှာ ဒီလိုပဲ လျှို့ဝှက်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ စတရိုက်ဒါ က ဥပဒေဘောင်ထဲကနေ သန့်သန့်ရှင်းရှင်း အလုပ်လုပ်ချင်ပေမဲ့ မာဖီးယား ဂရက်ဂ် ကတော့ ကူကလပ်ကလန် အဖွဲ့ဝင်တွေကို ဖမ်းဆီးနှိပ်စက်ပြီး သတင်းနှိုက်တဲ့ ကြမ်းတမ်းတဲ့ နည်းလမ်းတွေကို သုံးလာပါတယ်။ By Any Means ဆိုတဲ့ နာမည်အတိုင်း တရားမျှတမှုကို ရှာဖွေရာမှာ ရတဲ့နည်းနဲ့ လုပ်ဆောင်သင့်သလား ဆိုတဲ့ မေးခွန်းကို ဒီဇာတ်ကားမှာ သေချာလေး မီးမောင်းထိုးပြထားပါတယ်။

တရားဥပဒေမှာ ကန့်သတ်ချက်တွေ ရှိနေပေမဲ့ ဒီလူနှစ်ယောက်မှာတော့ ကန့်သတ်ချက်မရှိဘူးဆိုတာကို ရင်ခုန်စရာ အက်ရှင်ခန်းတွေနဲ့ ကြည့်ရှုရမှာပါ။ ပါဝင်တဲ့ သရုပ်ဆောင်တွေ လူမည်း အက်ဖ်ဘီအိုင် အေးဂျင့် ဝိန်းစတရိုက်ဒါ အဖြစ် ရာယာ အဗ္ဗဒူ မာတင်း က သရုပ်ဆောင်ထားပြီး၊ မာဖီးယား လူသတ်သမား ဂရက်ဂ် စကားပါး အဖြစ် နာမည်ကြီး မင်းသား မာ့ခ် ဝေါလ်ဘာ့ဂ် က အပီပြင်ဆုံး သရုပ်ဆောင်ထားပါတယ်။ တခြား ဇာတ်ပို့တွေ အနေနဲ့ နီကိုးလ် ဗီဟာရီ နဲ့ ဂျန်ကာလို အက်စ်ပိုစီတို တို့ကလည်း အားဖြည့် ပါဝင်ထားပါတယ်။

တကယ့် သမိုင်းကြောင်း နောက်ခံအပြည့်နဲ့ လူမျိုးရေး ခွဲခြားမှုတွေကို ရိုက်ပြထားတဲ့ အက်ရှင် မှုခင်း သည်းထိတ်ရင်ဖို ဇာတ်ကားမျိုးကို သဘောကျတယ်ဆိုရင်တော့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်ဗျာ။

By Any Means
By Any Means
By Any Means
By Any Means
By Any Means
By Any Means
By Any Means
By Any Means
By Any Means
By Any Means
Original title By Any Means
TMDb Rating 7.4 34 votes

Director

Cast

Mark Wahlberg isGregory Scarpa
Gregory Scarpa
Nicole Beharie isAllison Strider
Allison Strider
Josh Lucas isSpecial Agent Everett Rhodes
Special Agent Everett Rhodes
David Strathairn isSpecial Agent Roy K. Moore
Special Agent Roy K. Moore
Giancarlo Esposito isVernon Dahmer
Vernon Dahmer
Ethan Embry isSam Bowers
Sam Bowers
LisaGay Hamilton isMs. Rebecca Brewer
Ms. Rebecca Brewer
LaChanze isHattie Dahmer
Hattie Dahmer
Biko Eisen-Martin isSpecial Agent Archie Crawford
Special Agent Archie Crawford

Similar titles

Skunk
Salisihan
Two Brothers
The Girl Who Played with Fire
Retribution
Flamin’ Hot
Big Stan
Mardaani
Sad Movie
Police Story: Lockdown
Peony Order
Look for a Star

Leave a comment