
Verity (2026)
Verity ရုပ်ရှင်ကားဟာ စာရေးဆရာမ ကော်လင်း ဟူးဗား (Colleen Hoover) ရဲ့ ၂၀၁၈ ခုနှစ်ထုတ် နာမည်ကြီး အရောင်းရဆုံးဝတ္ထုကို အသက်သွင်းရိုက်ကူးထားတဲ့ Erotic Psychological Thriller ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကို Amazon MGM Studios ကနေ အောက်တိုဘာလ ၂ ရက်နေ့မှာ ရုံတင်ပြသခဲ့တာပါ။
ဇာတ်လမ်းကတော့ လိုဝမ် (Dakota Johnson) ဆိုတဲ့ ငွေကြေးကျပ်တည်းနေတဲ့ စာရေးဆရာမလေး တစ်ယောက်ကနေ စတင်ပါတယ်။ တစ်နေ့မှာတော့ နာမည်ကြီး သည်းထိတ်ရင်ဖို စာရေးဆရာမ ဗယ်ရီတီ (Anne Hathaway) ဟာ မတော်တဆမှုတစ်ခုကြောင့် အိပ်ရာထဲကနေ မထနိုင်တော့ဘဲ စာဆက်မရေးနိုင်တော့ပါဘူး။ ဒါကြောင့် ဗယ်ရီတီ ရဲ့ ခင်ပွန်းဖြစ်သူ ဂျရမီ (Josh Hartnett) က လိုဝမ် ကို ငှားရမ်းပြီး သူ့မိန်းမရဲ့ မပြီးပြတ်သေးတဲ့ စာအုပ်တွေကို ဆက်ရေးခိုင်းပါတော့တယ်။
လိုဝမ် ဟာ ဗယ်ရီတီ ရဲ့ မှတ်စုဟောင်းတွေကို ရှာဖွေဖတ်ရှုဖို့ သူတို့ရဲ့ ဝေးလံခေါင်ဖျားတဲ့ အိမ်ကြီးဆီကို ရောက်သွားတဲ့အခါမှာတော့ လုံးဝမထင်မှတ်ထားတဲ့ အရာတစ်ခုကို သွားတွေ့ပါတော့တယ်။ အဲဒါကတော့ ဗယ်ရီတီ လျှို့ဝှက်ရေးသားထားတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာမူတစ်ခုဖြစ်နေပြီး၊ အဲဒီအထဲမှာ သူတို့ မိသားစုရဲ့ အလွန်ကြောက်စရာကောင်းပြီး အမှောင်ကျလှတဲ့ လျှို့ဝှက်ချက်တွေ အားလုံးကို ရေးသားထားတာ တွေ့လိုက်ရပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို ခင်ပွန်းဖြစ်သူ ဂျယ်ရမီ ကို ပြောပြမလား၊ ဒါမှမဟုတ် ဖုံးကွယ်ထားမလားဆိုတာနဲ့ ဗယ်ရီတီ ရဲ့ တကယ့်အမှန်တရားက ဘာလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။
သရုပ်ဆောင်တွေအနေနဲ့ ဗယ်ရီတီ အဖြစ် အန်ဟက်သာဝေး (Anne Hathaway)၊ လိုဝမ် အဖြစ် ဒါကိုတာ ဂျွန်ဆင် (Dakota Johnson) နဲ့ ဂျရမီ အဖြစ် ဂျော့ရှ် ဟာ့တ်နက်တ် (Josh Hartnett) တို့က အဓိက ပါဝင်ထားကြပြီး၊ ဒါရိုက်တာ Michael Showalter က ရိုက်ကူးထားတာပါ။
ဇာတ်လမ်းသွားက လျှို့ဝှက်ဆန်းကြယ်မှုတွေ အပြည့်နဲ့ ကြည့်လို့ကောင်းပါတယ်။ Anne Hathaway ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ လျှို့ဝှက်ချက်တွေ ဖော်ထုတ်ရတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားမျိုး၊ Colleen Hoover ရဲ့ စာအုပ်ပရိသတ်တွေ အတွက်ကတော့ သေချာပေါက် ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။