အားလုံးပဲ စောင့်မျှော်နေကြတဲ့ စော်ကြည်ဘဲတစ်ဖြစ်လဲ ကလေးအဖေကြီး ရန်ဘီးရဲ့ တိရစ္ဆာန်ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ရူပီး ကုဋေတစ်ရာကျော်အသုံးပြုရိုက်ကူးထားပြီး ကုဋေကိုးရာကျော်ပြန်လည်ရရှိခဲ့တဲ့ ဟင်ဒီရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။
အာဂျွန်ရတ်ဒီနဲ့ ကဘီးရ်ဆင်းဂ်တို့လို အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ဆန်ဒိဗ်ရတ်ဒီဗန်ဂါကနေ ရိုက်ကူးတည်းဖြတ်ထားတာပါ။ သတ်မှတ်ချက်အရ A-rated ရုပ်ရှင်ဖြစ်တဲ့အတွက် ၁၈-နှစ်ပြည့်ပြီးမှပဲ ကြည့်ရှုသင့်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ကတော့ သိပ်ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ချစ်ရတဲ့ ရတ်ရှ်မီးကား၊ မင်းသမီးချော တရီပသီ ၊ ရုပ်ရှင်အသိုင်းအဝိုင်းမှာ ဒိုးလ်မိသားစုရယ်လို့ ဂုဏ်ရှိန်ကြီးမားလှတဲ့မိသားစုထဲက ဘော်ဘီဒိုးလ်၊ ရန်ဘီးရဲ့ ကပူးရ်မိသားစုထဲက ဘကြီးတော်စပ်သူ မင်းသားကြီး အာနီလ်ကပူးရ်တို့ပါဝင်ထားပါတယ်။
ရန်းဗီဂျေးက အဖေကိုသိပ်ချစ်တဲ့ ပါးပါးဘွိုင်းလေးတစ်ယောက်။ ဖခင်ဖြစ်သူက ဘယ်လောက်ပဲအချိန်မပေးနိုင်ပါစေ ၊ ငါ့အဖေသာ ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ သတ်မှတ်ချက်နဲ့ ရှင်သန်နေသူတစ်ဦး။
ဒီလောက်ချစ်တဲ့ သားအပေါ်မှာ ဖခင်ပြန်ပေးတာက နွေးထွေးကြင်နာမှုလစ်ဟင်းတာနဲ့ ရိုက်နှက်ဆုံးမမှုတွေ။ ဒါလည်းမိသားစုကိုချစ်တဲ့စိတ်က တစ်စက်ကလေးမှ မလျော့။ အစ်မဖြစ်သူ ကောလိပ်မှာ ထိကပါးရိကပါးလုပ်ခံရချိန်မှာတော့ အထက်တန်းကျောင်းသားလေး ရန်းဗီဂျေး AK-47 နဲ့သွားကြမ်းပါတော့တယ်။
ဒီလို အချစ်ကြီးပြီး အမျက်ကြီးသူတစ်ယောက် အိမ်ထောင်ကျလို့ ဖခင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရတဲ့အခါမှာတော့…။ လူဆိုတာမျိုးက အကျိုးနဲ့ အပြစ်၊ အကောင်းနဲ့ အဆိုးရယ်လို့ ခွဲခြားသိမြင်နိုင်တဲ့သတ္တဝါလို့ ဆိုကြတယ်။
တိရစ္ဆာန်ဆိုတာမျိုးကတော့ ကြိုက်တာနဲ့ မကြိုက်တာရယ်ပဲသိသတဲ့။ ဒီလို အနိမ့်အမြင့်ခွဲခြားထားတဲ့ကြားမှာ စည်းပါးပါးလေးပဲ ခြားနေသလားတော့မသိ။ လူတွေဆိုတာလည်း တိရစ္ဆာန်အဖြစ်ပြောင်းလဲသွားတတ်တယ်လို့ ဒီရုပ်ရှင်က ဆိုလေသလား ခံစားကြည့်ရှုကြပါဦးစို့။
#Animal #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar