အခုဖြစ်နေတဲ့ကိစ္စတစ်ခုကို အရင်ကလဲဖြစ်ခဲ့ဖူးသလိုစိတ်ထဲမှာထင်မိကြတဲ့သူတွေရှိလား?
နေရာသစ်တစ်ခုကိုရောက်ရင် အရင်ကရောက်ခဲ့ဖူးသလိုမျိုး စကားတစ်ခွန်းပြောလိုက်ရင်တောင် အရင်က ဒီလိုအချိန် ဒီလိုနေရာမျိုးမှာ ဒီလိုစကားပြောခဲ့ဖူးတဲ့ ခံစားချက်မျိုး ကြုံဖူးကြလား? ဒါဆို ဒီကားလေးကိုကြည့်ကြည့်ပါ။
ဒီကားကတော့ ၂၀၁၆ -မှာဒါရိုက်တာ AI Carretta ကိုယ်တိုင်ရိုက် ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။
ဖြစ်ခဲ့ဖူးပြီးသားအကြောင်းအရာတစ်ခု ထပ်ဖြစ်မှာကိုမလိုလားတာကြောင့် ရှောင်လွှဲဖို့အမျိုးမျိုးကြိုးစားခဲ့ကြတဲ့အချိန်မှာ တာရန်စပရင်းဆိုတဲ့မင်းသမီးက နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဘဝကနေ အရင်ဘဝကလူဝင်စားတစ်ယောက်လို့သက်မှတ်ခံရပြီး Studio တစ်ခုထဲမှာဖမ်းခံခဲ့ရတဲ့အချိန်မှာတော့ …
တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားလို့ အပြင်မှာလည်း ကိုယ့်အတွက်မထင်မှတ်တဲ့အမှားလေးက ကိုယ့်ဘဝတစ်ခုလုံးကိုတစ်ကယ်ပြောင်းလဲစေမယ်ဆိုရင် ပရိတ်သတ်ကြီးရော ဘယ်လိုနေမလဲ?
စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအမျိုးသမီးတစ်ဦးနဲ့ စကားများရန်ဖြစ်ရာကနေ ဇာတ်အိမ်စတည်ထားပြီးတော့ အစပိုင်းမှာ နားလည်ဖို့ခက်ပေမဲ့ နောက်ပိုင်းမှာ သနားတာ ၊ ကိုယ်ချင်းစာတာတွေရောပြီးတော့ တကယ့်ကို ရင်သက်ရှုမောရမဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်အိမ်ခိုင်ခိုင်မာမာလေးရှိနေတော့ ကြည့်လို့ကောင်းပါတယ်
ဒါပေမဲ့ ဇာတ်ကားက ဘတ်ဂျက် အရမ်းကို ချွေတာပြီး ရိုက်ထားတာမို့ အများကြီးမျှော်လင့်မထားဖို့ ကြိုတင်ပြောပြထားပါရစေ
Carbon Fox ကားထဲကမင်းသမီး Freya Parson ကိုကြည့်ရတာနဲ့တင်တန်နေပါပြီ။
#BadCaller #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames