အာရပ်က နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တဲ့ Fatima AlBanawi ကိုယ်တိုင် ဒါရိုက်တာလုပ်၊ ဇာတ်ညွှန်းရေးသရုပ်ဆောင်ထားတဲ့ Netflix တန်းဝင် Basma ဆိုတဲ့မိသားစုဒရာမာဇာတ်လမ်းတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းလေးရဲ့ ပုံစံကတော့ အမေရိကန်မှာပညာတော်သွားသင်တဲ့ ဘတ်စ်မာဆိုတဲ့ အာရပ်ကကောင်မလေးတစ်ယောက် ကိုဗစ်ရောဂါကြောင့် မိသားစုနဲ့မတွေ့ရဘဲ အမေရိကန်မှာပဲသောင်တင်နေခဲ့ပြီး ဘွဲ့ရပြီး ကိုဗစ်တွေလည်းပြီးတဲ့အခါမှာ အိမ်ကိုပြန်လာခဲ့တဲ့ပုံစံလေးနဲ့ အစပျိုးပြီးရိုက်ကူးထားပါတယ်။ မိသားစုနဲ့ ၂ – နှစ်ကြာခွဲခွာခဲ့ရပြီးပြန်လာတဲ့အခါမှာ ဘတ်စ်မာကိုမိသားစုဝင်တွေအကုန်လုံးက နွေးနွေးထွေးထွေးပြန်လည်ကြိုဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ လာကြိုတဲ့မိသားစုဝင်တွေထဲမှာ သူ့အဖေတော့ မပါဘူးဖြစ်နေတဲ့အတွက် မေးမြန်းကြည့်ရာမှာတော့ လွန်ခဲ့တဲ့ ၂ – လလောက်ကပဲ အမေဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီး အရင်အိမ်ဟောင်းကြီးထဲမှာ တစ်ယောက်တည်းသွားနေထိုင်နေမှန်းသိလိုက်ရပါတော့တယ်။ သူ့အဖေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအနည်းငယ် ချို့ယွင်းချက်ရှိသူဖြစ်ပြီး ဆေးတွေလည်းမသောက် မိသားစုကိုလည်းပြဿနာရှာတာတွေများလာတဲ့အခါမှာ နောက်ဆုံး ဘတ်စ်မာရဲ့အမေက သည်းမခံနိုင်တော့ဘဲ ကွာရှင်းခဲ့တာပါ။
အဲ့ဒီအကြောင်းတွေကို အဝေးမှာစာကြိုးစားနေတဲ့သမီးဖြစ်သူမသိစေချင်လို့ ဖုံးကွယ်ထားတာတွေကို သိသွားတဲ့အခါမှာတော့ ဘတ်စ်မာလည်း အမေ့အိမ်ပေါ်ကဆင်းပြီး အဖေ့အိမ်ပေါ်မှာသွားနေခဲ့ပါတော့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူတို့မိသားစုကြားမှာတွေ့ရမဲ့ မိသားစုဒရာမာတွေကို ကြည့်ရှုရမဲ့ ပုံမှန်နဲ့ကွဲထွက်နေတဲ့ တစ်မျိုးတစ်ဖုံ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
#Basma #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames