What's happening?

Video Sources 299 Views Report Error

  • Watch trailer
  • Black Bags (2023)
Black Bags

Black Bags

Nothing is by accident.Apr. 11, 2023United States88 Min.n/A
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဒီရုပ်ရှင်က Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပေမဲ့ သွေးထွက်သံယိုတွေနဲ့ ကြမ်းတမ်းနေတာမျိုးမဟုတ်ဘဲ အေးအေးလူလူနဲ့ ကျောထဲကစိမ့်လာစေတဲ့ Thriller အမျိုးအစားဖြစ်တာမို့လို့ အဲဒီလိုရုပ်ရှင်မျိုးသဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအစကိုတော့ တက်စ် မက်ကာသီဆိုတဲ့ ကိုယ်ဝန်သည်အမျိုးသမီးလေးတစ်ယောက်နဲ့ စထားပါတယ်။ သူနဲ့သူ့အမျိုးသားက ကိုယ်ပိုင်အိမ်ခြံဝန်းခပ်ကျယ်ကျယ်ကိုမှ ဈေးသက်သက်သာသာနဲ့ နေချင်တဲ့သူတို့ရဲ့အိပ်မက်အတိုင်းဘွန်းန်ဆိုတဲ့နယ်မြို့လေးမှာနေကြပေမဲ့ အမျိုးသားဖြစ်သူက အလုပ်ကိစ္စနဲ့ ခရီးအမြဲထွက်နေရလို့ အိမ်မှာမရှိတာများပါတယ်။ အဲဒီလို အိမ်ကျယ်ကြီးမှာ တစ်ယောက်တည်းနေရတဲ့ တက်စ်ကကိုယ်ဝန်က အချင်းပါးတဲ့ပြဿနာကြောင့် မြို့ပေါ်ကို နှစ်ပတ်တစ်ခါတက်ပြီး ဆေးညွှန်းသွားယူရပါတယ်။ သွားတဲ့အခါတိုင်း အမျိုးသားဖြစ်သူက စိတ်မချဘူးဆိုတာကြောင့် ကိုယ်တိုင်ကားမမောင်းဘဲ ဘတ်စ်ကားစီးရာကနေ ဇာတ်လမ်းစတာဖြစ်ပါတယ်။

ဗိုက်တစ်လုံးနဲ့ ဆေးတွေထည့်ထားတဲ့အိတ်ကိုသယ်ပြီး ကားစီးတဲ့တက်စ်တစ်ယောက် ကားပေါ်မှာ ဘေးချင်းကပ်ထိုင်တဲ့အမျိုးသမီးနဲ့ စကားပြောရင်း ခင်မင်သွားပါတယ်။ သူတို့ဆင်းရမဲ့ နောက်ဆုံးဂိတ်ကိုရောက်တဲ့အခါ ဘေးနားကအမျိုးသမီးက အိပ်ပျော်နေတဲ့အတွက် သူ့ဘာသူအောက်ဆင်းပြီး ကားဗိုက်ထဲကခရီးဆောင်အိတ်ကိုယူကာ အိမ်ပြန်လာပါတော့တယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်ပြီးမကြာခင်မှာပဲ သူ့အိမ်တံခါးကို ဘဲလ်လာတီးလို ထွက်ဖွင့်ပေးတဲ့အခါမှာ သူနဲ့ကားပေါ်မှာခင်ခဲ့တဲ့အမျိုးသမီးဖြစ်နေပါတယ်။

အဲဒီအမျိုးသမီးက သူ့ရဲ့ခရီးဆောင်အိတ်ကို တက်စ်က မှားယူသွားတဲ့အတွက် သူ့အိတ်ကို ပြန်လာယူတာလိုပြောပါတယ်။ သူတို့ရဲ့ ချွတ်စွပ်ဆင်တူနေတဲ့ အိတ်အမည်းနှစ်လုံးထဲမှာမှ တက်စ်ရဲ့အမှားကြောင့် မတော်တဆမှားယူမိခဲ့တာလား…အိတ်လေးတစ်ခါမှားယူမိတာနဲ့ ဘယ်လိုပြဿနာတွေတက်လာမလဲဆိုတာကို ဒီရုပ်ရှင်မှာ မမြန်လွန်း မနှေးလွန်းတဲ့ ဇာတ်ရှိန်နဲ့တကွစောင့်ကြည့်ရမှာဖြစ်ပါတယ်။

Black Bags
Original title Black Bags
IMDb Rating 5.6 401 votes
TMDb Rating 4.6 5 votes

Similar titles

Nowhere
Scream VI
Deadly Desire
Jaane Jaan
Hounds of War
Overhaul
Inexistent
Night Call
Population Purge
Atharva
Eden
Samara

Leave a comment