IMDb 6.4 ရရှိထားပြီး ဆု ၅ -ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ -ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။
နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာတဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်တောင် ညံ့တဲ့အထဲတော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး healing ဖြစ်စေမဲ့ ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်ကြည့်ရှုခံစားလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။
#BigStan #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames