အမှားလုပ်မိတာနဲ့ နှစ်ရှည်လများ အလုပ်လုပ်ပေးခဲ့သူဆိုလည်းမထောက် အပြတ်ရှင်းတတ်တဲ့ လူမိုက်ခေါင်းဆောင် မာဟင်ဒါ ။ သူတို့ဂိုဏ်းကတော့ လူမိုက်တွေကြားထဲနာမည်ကြီးရုံတင်မက ရဲတွေကပါ ပြန်ကြောက်ရတဲ့ဂိုဏ်းတစ်ခုပေါ့။
ဆာဂျူးဆိုတာကတော့ သားဖြစ်သူရဲ့ကျန်းမာရေးအခြေအနေကြောင့် ငွေလိုနေတဲ့လူတစ်ယောက်ပါ။ ကုန်ကျစရိတ်မတတ်နိုင်လို့ ပိုက်ဆံဘယ်နားကရမလဲ ရှာကြံနေရသူတစ်ယောက်။
လူသတ်မှုတွေဆက်တိုက်ဖြစ်နေလို့ ရဲတွေဘာလုပ်နေကြလဲလို့ ပြည်သူတွေမေးခွန်းထုတ်နေကြတဲ့အချိန် လူသတ်မှုက အမှုခင်းတစ်ခုနဲ့တစ်ခုမှာ သုံးသွားတဲ့လက်နက် သတ်ပုံသတ်နည်းတွေဆင်တူနေလို့ ကွင်းဆက်လူသတ်မှုလို့သတ်မှတ်ပြီး ဒီအတွက်တာဝန်ရှိသူကတော့ လက်ရှ်မီးပေါ့။ အထက်လူကြီးတွေကပါ တခြားအမှုတွေကိုရပ်ခိုင်းပြီး ဒီကွင်းဆက်လူသတ်မှုကိုပဲစုံစမ်းခိုင်းတဲ့ထိ ဖိအားတွေများနေသူ။
သူတို့အဖွဲ့ထဲကို လူသစ်တစ်ယောက်ရောက်လာခဲ့တယ် ၊ ဝီလ်ဆန် တဲ့ ။ လူသစ်မို့ မာဟင်ဒါတို့ဂိုဏ်းအကြောင်း ဘာမှမသိတာမို့ ရန်ဖြစ်ရင်း ပါးချလိုက်မိရာက သူတို့ ၄-ယောက်ကံတွေ ဘယ်လိုဆက်သွယ်သွားကြမလဲ။
ကွင်းဆက်လူသတ်မှုကိုရော ဖော်နိုင်ကြမလားဆိုတာကိုတော့
#CaseofKondana #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames