What's happening?

Video Sources 545 Views Report Error

  • Watch trailer
  • Chocolate (2008)
Chocolate

Chocolate

She's sweet but deadly.Feb. 06, 2008n/A93 Min.n/A
Your rating: 0
5 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ယခုတခေါက်တင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ 2008 ခုနှစ်က ထွက်ရှိထားတဲ့ ထိုင်းအက်ရှင်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အက်ရှင်ကိုမှ ၀မ်းဘတ်မင်းသားဇာတ်ကားကို ကြိုက်နှစ်သက်ရင်တော့ ဒီကားလေးက လုံးဝလက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်ကားလေးအစမှတော့ ထိုင်းလူမိုက်ဂိုဏ်းနဲ့ဂျပန်ယာကူဇာဂိုဏ်းတို့ အခြေအတင်ဖြစ်နေတာကနေ စပါတယ်။ အဲ့နောက် ထိုင်းလူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့လက်ထောက်ဇင်နဲ့ ဂျပန်ယာကူဇာဂိုဏ်းကမဆာရှီတို့ ချစ်ကြိုက်မိသွားပါတယ်။ ဒါကိုသိသွားတဲ့ ထိုင်းဂိုဏ်းခေါင်းဆောင်က ဒေါသထွက်သွားပြီး သူတိုနှစ်ယောက်ကို လိုက်သတ်ပါတော့တယ်။ ဒါပေမဲ့ သတ်ခါနီးမှ ပြောင်းလဲသွားပြီး သူတို့နှစ်ယောက်ကို နောက်တစ်ခါအတူတူရှိရင် အရှင်မထားဘူးလို့ သတိပေးလိုက်ပါတယ်။ ဒါနဲ့ မဆာရှီလည်း ဂျပန်ကိုပြန်သွားခဲ့ပါတယ်။

ဒါပေမဲ့ ဇင်မှာ မဆာရှီနဲ့ရထားတဲ့ကိုယ်၀န်က ရှိနေပါပြီ။ ဒါကြောင့်မို့ ဇင်လည်း မွေးလာတဲ့ကလေးဘေးကင်းဖို့အတွက် သမာအာဇီ၀အလုပ်ကိုပဲ လုပ်ကိုင်ပါတော့တယ်။ ဒါပေမဲ့ ‌ကလေးဟာ မွေးရာပါ အော့တစ်ဇင်ဖြစ်နေတာပါ။ ဂန်းစတားတွေကနေ မွေးလာတဲ့ကလေးဖြစ်တဲ့အလျှောက် သိုင်းကွက်တွေ တိုက်ခိုက်ပုံတွေကို ကြည့်ရုံနဲ့တတ်မြောက်သူလေးပါ။ ပြီးတော့ ဇင်မှာ ‌လမ်းကကောက်ယူမွေးစားထားတဲ့ မွန်းဆိုတဲ့ကောင်လေးတစ်ယောက်လည်း ရှိပါတယ်။ သူတို့နှစ်ယောက်ကြီးပြင်းလာတဲ့အခါမှာတော့ ဇင်ဟာ မကျန်းမာဖြစ်လာတဲ့အတွက် ကလေးနှစ်ယောက်က တတ်နိုင်သလောက် ပိုက်ဆံရှာဖို့လုပ်ပါတော့တယ်။

တစ်နေ့မှာတော့ အိမ်ထဲမှာ မွန်းမှာ ဇင်အပေါ်ကို အကြွေးတင်နေတဲ့လူတွေစာရင်းကို မှတ်ထားတဲ့စာအုပ်ကို တွေ့သွားပါတယ်။ တကယ်တော့ ဒီလူတွေက အရင်က ဇင်ကျင်လည်ခဲ့တဲ့လောကနဲ့သက်ဆိုင်တဲ့သူတွေပါ။ ဒါကို မသိဘဲ မွန်းနဲ့ဇင်တို့ဟာ အဲ့လူတွေဆီ အကြွေးသွားတောင်းဖို့လုပ်ရာကနေ အခြေအနေဆိုးသွားတဲ့အခါ ဇင်လည်း သူ့ယောကျာ်းဆီ စာပို့ပြီး အကူအညီတောင်းရပါတော့တယ်။

ဒါကို မျက်ခြေမပြတ်ကြည့်နေတဲ့ဂိုဏ်းခေါင်းဆောင်က သိသွားတဲ့အခါမှာတော့ ဘာတွေဖြစ်လာမလဲ? ဇင်နဲ့မဆာရှီတို့မိသားစုရော အတူတူပြန်ပေါင်းစည်းသွားမလား? ဒါမှမဟုတ် လူဆိုးဂိုဏ်းရဲ့လက်ချက်ကြောင့်ပဲ အဆုံးသတ်သွားမလားဆိုတာကို စိတ်၀င်တစားကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ရှင့်။

Chocolate
Chocolate
Chocolate
Chocolate
Chocolate
Original title ช็อคโกแลต
IMDb Rating 6.9 10 votes
TMDb Rating 7.325 521 votes

Similar titles

The Mummy Murders
Catch Me If You Can
The Jewel Thief
The Last Kumite
Skiptrace
Son of Sardaar
Donde tú quieras
Crossword Mysteries: Terminal Descent
OUT
Eye for an Eye 2
12.12: The Day
Mercury Rising

Leave a comment