What's happening?

Video Sources 512 Views Report Error

  • Watch trailer
  • Curry & Cyanide: The Jolly Joseph Case (2023)
Curry & Cyanide: The Jolly Joseph Case

Curry & Cyanide: The Jolly Joseph Case

Will justice be...served?Dec. 22, 2023India95 Min.n/A
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Documentary ဇာတ်လမ်းတွေကို သဘောကျတဲ့ ပရိသတ်တို့အတွက် အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ၂၀၁၉ -ခုနှစ်က Koodathayi Cyanide Killings (ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု)ဆိုပြီး အိန္ဒိယတစ်ခွင်မှာ ဖိန့်ဖိန့်တုန်သွားစေတဲ့ Netflix ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပြည်သူတွေကြားမှာ ဟိုးလေးတကျော်ဖြစ်ပြီး အတော်လေးဂယက်ရိုက်သွားတဲ့အတွက် ဒီအကြောင်းကို ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေ ရိုက်ကူးထားတာတွေရှိခဲ့ပေမဲ့ အခုတစ်ခါမှာတော့ မတူညီတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ Netflix version လေးကို ရှုစားကြည့်ကြပါဦး။

2019 ခုနှစ် အောက်တိုဘာလ နံနက်ခင်းဝေလီဝေလင်းအချိန်၊ အိမ်တိုင်းမှာ လူတိုင်းတောင်မနိုးထသေးတဲ့ ဒီအချိန်မှာ ကူဒါသာရီဆိုတဲ့မြို့လေးမှာတော့ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်ကြီး ဖြစ်သွားပါတယ်။ လူအများကလေးစားရတဲ့ လူတိုင်းနဲ့အဆင်ပြေတဲ့ နည်းပညာတက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုလီဂျိုးဆပ်ဆိုတဲ့အမျိုးသမီးဟာ သူ့ရဲ့မိသားစုဝင် ၆ -ယောက်ကို Cyanide လို့ခေါ်တဲ့ အဆိပ်ပြင်းတစ်မျိုးနဲ့ သတ်ခဲ့တဲ့ လူသတ်တရားခံအဖြစ်နဲ့ ရဲဘက်က လာရောက်ဖမ်းဆီးသွားခဲ့လို့ပါပဲ။

မီဒီယာထုံးစံအရ ဒီလိုအမှုဖြစ်ပြီဆိုတာနဲ့ သတင်းသမားတွေက အမှန်တရားနဲ့ ကောလာဟလကိုရောယှက်လို့ ကိုယ့်ရဲ့ထင်မြင်ချက်တွေပါစွက်ပြီး သတင်းတွေဖောင်းပွအောင်ရေးကြတော့တာပါပဲ။ ဂျိုလီဟာ လေးစားအပ်တဲ့ သဘောကောင်းတဲ့ အမျိုးသမီးလို့ ပြောသူကပြော၊ ပြည့်တန်ဆာအလုပ်နဲ့ဆက်စပ်နေတယ် ပြောသူကပြောနဲ့ အမှားကအမှန် ၊ အမှန်ကအမှားဖြစ်အောင် တစ်စိတ်ကိုတစ်အိတ်လုပ်နေကြတာပေါ့။ ဒါပေမဲ့ လူတွေပြောနေတဲ့ ဂျိုလီဂျိုးဆပ်ဆိုတဲ့ ဒီအမျိုးသမီးကဘယ်သူလဲ။ ၂၀၀၂-ခုနှစ်ကနေ ၂၀၁၆ -ခုနှစ်အထိ ၁၄- နှစ်တာကာလအတွင်းမှာ ၂- နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် ကိုယ့်ရဲ့မိသားစုဝင် ၆-ယောက်တိတိကို သူတကယ်ပဲ‌ သွေးအေး‌စွာနဲ့ သတ်ဖြတ်ခဲ့တာလား။

အမှန်တော့ ဂျိုလီက ကတ္တပန်နာဆိုတဲ့မြို့လေးက လယ်သမားမိသားစုမှာ ကြီးပြင်းလာခဲ့တဲ့သူပါ။ လက်လုပ်လက်စားမိသားစုမှာမွေးပေမဲ့ ဝံ့ဝံ့ကြွားကြွားနဲ့ ကျော့ကျော့လေးနေချင်တဲ့ဂျိုလီဟာ ကူဒါသာရီက လူရိုသေရှင်ရိုသေမိသားစုဖြစ်တဲ့ ပူနာမာတမ်မိသားစုရဲ့ချွေးမဖြစ်လာဖို့ သူဟာ MCom ဘွဲ့ရပညာတတ်ဖြစ်တယ်လို့ လိမ်လည်ပြီး မျက်နှာကောင်းရဖို့လုပ်ပါတော့တယ်။ ဒီလုပ်ကြံထားတဲ့ MCom ဘွဲ့ကပဲ သူ့ကို ပူနာမာတမ်ရဲ့သားကြီးဖြစ်တဲ့ ရွိုင်နဲ့နီးစပ်နိုင်ဖို့ တွန်းအားပေးခဲ့သလို လူသတ်မှု ၆ -ခုစဖြစ်လာဖို့ ကနဦးအစဆိုရင်လည်းမမှားပါဘူး။ ဘာလို့လဲဆိုတော့ လက်ထပ်ပြီး အသားကျတာနဲ့ ယောက္ခမဖြစ်သူ အန်နမ်မာက MCom ဘွဲ့ယူထားပြီး အိမ်မှာအလကားမနေဖို့ ပညာရေးကိုတန်ဖိုးထားတဲ့မိသားစုပီပီ တတ်သိပညာကိုအသုံးချဖို့ တဖွဖွတိုက်တွန်းတော့တာပါပဲ။ ဒီဘာမဟုတ်တဲ့ ဘွဲ့လေးတစ်ခုကို လိမ်ညာတာကနေစလို့ လူသတ်မှု ၆ -ခုဖြစ်ပွားခဲ့ရတဲ့ အမှိုက်ကစပြာသာဒ်မီးလောင်ပြီး လူသတ်မှုတွေအထိ ဘယ်လိုဖြစ်လာခဲ့သလဲ။ တခြားဘယ်သူတွေ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေခဲ့သလဲ။ ဘာမဟုတ်တဲ့ အလိမ်အညာလေးတစ်ခုကိုဖုံးကွယ်ဖို့အတွက်နဲ့ ပေးဆပ်လိုက်ရတဲ့တန်ကြေးတွေ ဘယ်လောက်ထိကြီးမားသွားမလဲဆိုတာ အားလုံးအတူ ရှုစားလိုက်ကြပါဦး။

#Curry&Cyanide #TheJollyJosephCase #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Curry & Cyanide: The Jolly Joseph Case
Original title Curry & Cyanide: The Jolly Joseph Case
IMDb Rating 6.7 1,672 votes
TMDb Rating 6.625 12 votes

Director

Christo Tomy
Director

Cast

Jolly Joseph isSelf (archive footage)
Self (archive footage)
Renji Wilson isSelf (Jolly's Sister-in-Law)
Self (Jolly's Sister-in-Law)
Remo Roy isSelf (Jolly's Son)
Self (Jolly's Son)
Rojo Thomas isSelf (Jolly's Brother-in-Law)
Self (Jolly's Brother-in-Law)
M. S. Mathew isSelf (archive footage)
Self (archive footage)
K. G. Simon isSelf (IPS Officer)
Self (IPS Officer)
Aloor isSelf (Jolly's Lawyer)
Self (Jolly's Lawyer)
Nikhila Henry isSelf (Journalist)
Self (Journalist)
Ayisha isSelf (Jolly's Neighbour)
Self (Jolly's Neighbour)
C. S. Chandrika isSelf (Gender Expert)
Self (Gender Expert)

Similar titles

Salaar: Part 1 – Ceasefire
The Good Neighbor
Golam
Desperate Sniper
The Instigators
The Godfather Part III
Anti-Drug Operation
The Gangster, the Cop, the Devil
Robert Downey Jr.: High Altitude
Mardaani 2
Roofman
Blood Brothers: Dragon’s Embers

Leave a comment