What's happening?

Video Sources 35 Views Report Error

  • Watch trailer
  • Going by the Book (2007)
Going by the Book

Going by the Book

Always give it your best even for a robbery.Aug. 18, 2007South Korea102 Min.n/A
Your rating: 0
0 0 votes
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

အကောင်းဆုံးထဲမပါပေမဲ့ ၂ မိနစ်ခြားတစ်ခါ ရယ်ပြီး တစ်ကြိမ်ကို ၅၈ စက္ကန့် လောက်ရယ်ရစေမယ်။

ဒီကားကြည့်နေရင်း စင်္ကာပူကိုကျော်မည်နှင့် ထူးဆန်းသော မြေအောက်မြို့တော်ကြီး ဇာတ်လမ်းလို ခွီကနဲ ခွီကနဲ ဖြစ်သွားစေမဲ့ကားပါ။

“လက်ဝှေ့ချန်ပီယံနဲ့ ဝူရှုးချန်ပီယံ ဖိုက်ရင် ဘယ်သူနိုင်မလဲ”
ဒီကားကို ၂၀၀၇ ခုနှစ် အောက်တိုဘာမှစပြသခဲ့ပြီး တစ်ကားလုံးကို ၁၀၂ မိနစ်ကြာမြင့်ပါတယ်။
Box office မှာ ကန်ဒေါ်လာ ၁၄ သန်းကျော်ရရှိခဲ့ပါတယ်။ ဒီကားစတင်ပြသတဲ့ အပတ်မှာ ဝင်ငွေအကောင်းဆုံး ကားအဖြစ်ရပ်တည်ခဲ့ပါတယ်။
ဒီကားမှာ ဆုတွေရထားတာတော့မတွေ့ရှိပါဘူး။

ဒီဇာတ်လမ်း ရဲ့ script က တော်တော်လေးကောင်းပါတယ်။ script ကောင်းလို့ ကြည့်ရတာ ပိုပြီးအရသာရှိသွားတာပါ။ sex အသားပေးဟာသ ၊ လူငယ်တွေဘဲနားလည်နိုင်တဲ့ ဟာသ၊
စူပါဟီးရိုးတွေကို သောက်တစ်လွဲပြန်ရိုက်ထားတဲ့ ဟာသ၊ အချစ်ဟာသ၊ ဒီလိုဟာသတွေနဲ့ မဟုတ်ဘဲ မိသားစုလိုက် လူကြီးတွေနဲ့ ပါကြည့်လို့ရတဲ့ ဟာသကားမျိုးပါ။ ရိုင်းတဲ့ ဟာသမပါဘူးလို့ ပြောချင်တာပါ။
နောက်တစ်ခုက ရိုင်းမှရယ်ရတာမဟုတ်ဘူးဆိုတဲ့ sex comedy တော်လှန်ရေးထဲမှာဒီ ဟာသကားလည်း ပါပါတယ်။

Hangover ဇာတ်လမ်းတွေ နဲ့ ကျောရိုးခြင်းတူပါတယ်။ ဟာသဇာတ်ကွက်ကို ဇာတ်လမ်းသွားတဲ့ ထဲမှာဘဲလုပ်ပြသွားပြီး ထိထိမိမိရယ်ရပါတယ်။
Hangover တို့ American Pie တို့ ပြီးရင် ကြည့်သင့်တယ်လိုထင်ပါတယ်။ ကြောင်တောင်တောင်စရိုက်တစ်ယောက်တစ်မျိုးစီနဲ့ ဇာတ်ဆောင်တွေအပြင် ဒါပြီးရင်ဘာလုပ်မလဲဆိုတဲ့ ခံစားမှုနဲ့ပါဝင်ထားတဲ့
ဇာတ်ဆောင်တွေ ရဲ့ အသက်ဝင်မှုတွေကြောင့် ဆွဲဆောင်မှုလေးတစ်မျိုးရှိနေပါတယ်။ မင်းသားက အဓိကပါဘဲ။

ဒီဇာတ်ကားတစ်ခုလုံးမှာ သူ့နေရာက ဇာတ်လမ်းထဲမှာ အခရာဖြစ်နေပြီး သူ့ ဇာတ်ကောင်ကလဲ စာအုပ်ကြီး (ဝါ) ဂေါက်သီး ဖြစ်နေပါတယ်။
တစ်ကားလုံးမှာသူရယ်တာ တစ်နေရာမှမတွေ့ ပါဘူး။ ကြည့်တဲ့သူပဲရယ်သွားရပါတယ်။
ဒီလို ဂေါက်သီး ပုံနဲ့ ဇာတ်ကောင်ကြောင့် ဟာသက ပိုပြီးထိမိသွားပါတယ်။

ဒီကားက ဟာသ ဆိုပေမဲ့ လူ့အဖွဲ့အစည်းထဲက နားခါးတဲ့ အမှန်တရားကို သိအောင် ထုတ်ပြပေးပြီး လူ့အဖွဲ့အစည်းထဲက ဖရိုဖရဲဖြစ်နေတဲ့ နေရာတွေကို သရော်ပြီး ထောက်ပြထားပါသေးတယ်။
မှန်တာပြောရင် ရွာပြင်ထုတ်ခံရဆိုတဲ့အတိုင်း ကိုယ်မှန်ကြီး ဖြစ်လွန်းနေတာကလည်း ၂၁ ရာစု အပြစ်ကြီးဆိုတာကို မင်းသားဇာတ်ကောင်နေရာကနေ ထောက်ပြထားပါတယ်။ ဒီဇာတ်ကားမှာအကောင်းဆုံး က ဇာတ်ညွှန်းလို့ထင်ပါတယ်။

ဟာသဇာတ်ကွက်တွေကို လုပ်ထားတာ တမင်ဟာက ဇာတ်ကွက်ဖန်တီးထားတာမဟုတ်ဘဲ ဇာတ်လမ်းအတိုင်းဘဲ လုပ်ပြသွားပါတယ်။
ပြောချင်တာကအနှစ်သာရရှိတဲ့ဟာသဖြစ်တယ်ဆိုတာပါ။ တစ်ချို့ အနောက်တိုင်း ဟာသတွေ ကတော်တော် ကြည့်လို့ကောင်းပေမဲ့
ဟာသဖြစ်အောင် မဖြစ်နိုင်တဲ့ ဇာတ်ကွက်ကြီးတွေ၊ ကောင်းကင်ပေါ် သေနတ်ထောင်ပစ်လိုက်ရင် စန်တာကလော့ဘိုးဘိုးကြီးထိပြီး ပြုတ်ကျလာတို့လို over ဆန်တဲ့ ဟာကွက်တွေ မဟုတ်ဘဲ သူဘာများ ထပ်လုပ်ဦးမှာပါလိမ့်ဆိုပြီး မြင့်မြတ်အကယ်ဒမီ အထိမ်းအမှတ်မှာ ဆော်လေးက သူပိုင်တဲ့လယ်ကွက်လေးကို Live လွှင့်ဂုဏ်ပြုတာကိုကြည့်သလို ဇာတ်ရှိန်က ကြာလေမြင့်လာလေပါဘဲ။

ဒါပေမဲ့ နောက်ဆုံးမှာသူ့လိုတော့ ဂျင်းမထည့်ပါဘူး။ နောက်ဆုံးအထိ ဟာသဇာတ်ကွက်ကို ထည့်ထားပါတယ်။ ဒီဇာတ်လမ်း က လက်ရှိလောက(အစိုးရဌာန)မှာဖြစ်နေတဲ့ အထက်လူကြီးနဲ့ အောက်ပိုင်းက လူတွေကြားက ဆက်ဆံရေးတွေ အထက်ပိုင်းရောက်ရင် အချိုးပြောင်းပြီး ဖော်ရှိုးမုန့် တို့ ရှီုရှောင် အချိုရည်တို့ကို သိပ်ကြိုက်ပြီး ဒီကအခေါ်ဝေါ်အရဆို ကွီးတို့ ဘဘတို့ လို ကိုယ်တော်ကြီး ကိုယ်တော်လေးတွေ ရဲ့ မကောင်းကွက်ကို ဦးတည်ဖော်ပြထားတာပါ။

ဒါတွေဟာသအနေနဲ့ ရိုက်ထားပြီးကို နားရင်းကို လက်ဖျားနဲ့ အုပ်သလိုခပ်ပါးပါးလေးပုတ်ထားပါတယ်။ ပင်ပန်းလာသမျှ ကို ဇာတ်လမ်းနဲ့ ရောပြီ ရယ်ချပစ်လိုက်ရင် စိတ်လည်း ပေါ့ပါးသွားပါတယ်။
ပြီးတော့ ဇာတ်ကားတွေကိုကြည့်ရင် ညဘက်ကြည့်တာ ဇာတ်လမ်းကို ပိုခံစားမိစေပြီး ဇာတ်လမ်းက ပိုစိတ်ဝင်စားစရာ ကောင်းနေမှာပါ။

Going by the Book
Going by the Book
Original title 바르게 살자
IMDb Rating 7.3 2,227 votes
TMDb Rating 7.253 75 votes

Director

Ra Hee-chan
Director

Cast

Jung Jae-young isJeong Do-man
Jeong Do-man
Son Byung-ho isLee Seung-woo
Lee Seung-woo
Shin Goo isDo-man's Father
Do-man's Father
Lee Yong-i isDo-man's Mother
Do-man's Mother
Kim Kyu-chul isKim Seon-mae
Kim Seon-mae
Lee Young-eun isJeon Da-hye
Jeon Da-hye
Im Ji-eun isKim Sung-mi
Kim Sung-mi
Uhm Soo-jung isHan So-young
Han So-young
Jang So-yeon isReporter
Reporter
Ko Chang-seok isWoo Jong-dae (uncredited)
Woo Jong-dae (uncredited)

Similar titles

Zhou Gong Subdues Demons
Luckless in Love
Senzano Savana
Flying Scrap Car
The 5-Year Christmas Party
Anti-Drug Operation
Dating Santa
Shaolin Soccer
Shazam! Fury of the Gods
4 Kings 2
Barbie
Inheritance

Leave a comment