What's happening?

Video Sources 404 Views Report Error

  • Watch trailer
  • He Went That Way (2024)
He Went That Way

He Went That Way

Jan. 05, 2024United States96 Min.n/A
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ချစ်သူကမုန်း၊ ဖဲကရှုံး…
ကံဆိုးမသွားရာ၊ မိုးလိုက်လို့ရွာ…
ဒါတွေကတော့ တစ်ခါတစ်လေ စာရေးသူတို့လူ့လောကကြီးမှာ မဖြစ်ချင်ဘဲဖြစ်ရတဲ့၊ အတောမသတ်နိုင်လွဲချော်နေရတဲ့ အခြေအနေတစ်ခုကို ထင်ဟပ်ဖော်ပြတဲ့ စကားပုံတွေပဲဖြစ်ပါတယ်။ ကံမကောင်းလို့ ကိစ္စတစ်ခုခုမှာလွဲချော်ပြီးတာတောင် အားမရသေးဘဲ ကံတရားက ထပ်နှိပ်စက်တဲ့အခြေအနေ၊ လောကဓံသရုပ်ကို ပြောချင်တာပါ။ ဒါပေမဲ့လည်း တခါတလေမှာ အဲ့လိုကံဆိုးမိုးမှောင်ကျမှုတွေ၊ အဆင်မပြေလွဲချော်မှုတွေကြားထဲကနေပဲ စာရေးသူတို့တွေဟာ အကောင်းဆုံးရုန်းကန်ကြိုးစားထွက်မြောက်ပြီး အောင်မြင်သွားတတ်ကြသလို အဲ့လိုအဆိုးဆုံးအခြေအနေတွေကြားထဲမှာပင်လျှင် စာရေးသူတို့ဘဝအတွက် သင်ခန်းစာယူစရာတွေ၊ ဆင်ခြင်သုံးသပ်စရာတွေ၊ ဘဝအတွက်ဒဿနတွေ ရှိနေတတ်တယ်ဆိုတာ သတိမူမိဖို့လိုပါတယ်။
တစ်ခါတလေမှာ အခြေအနေတစ်ရပ်၊ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို အကျပ်အတည်းကြားမှာမှတွေ့ရတတ်သလို အဆိုးဆုံးဆိုတဲ့ အခြေအနေ၊ လူတစ်ယောက်မှာလည်းပဲ သူ့ရဲ့အကောင်းမြင်စရာအနေအထားတစ်ခုတော့ ရှိတတ်စမြဲဆိုတာကို တွေ့ရတတ်ပါတယ်။ ဒါတွေကတော့ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကိုကြည့်ရင်း စာရေးသူစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ အတွေးစုတွေဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ပေးချင်တဲ့ message က တခြားဟာဖြစ်ကောင်းဖြစ်ပေမဲ့ ဒါတွေကတော့ စာရေးသူဆက်စပ်တွေးဖြစ်တဲ့ဟာလေးတွေပါ။

အခုဇာတ်ကားလေးကတော့ ၂၀၂၃-ခုနှစ်ထွက် အမေရိကန် crime drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Jacob Elordi နဲ့ နာမည်ကြီး Star Trek ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ Zarchari Quinto တို့ အဓိကဦးဆောင်ပါဝင်ထားပါတယ်။ ဒါရိုက်တာကတော့ Jeffrey Darling ဖြစ်ပြီး အမေရိကန်စာရေးဆရာ Conrad Hilberry ရဲ့ ၁၉၈၇ -ခုနှစ်ထွက် မှုခင်းဝတ္တု Luke Karamazov ဝတ္တုထဲက ဇာတ်ကောင်ပေါ်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ Evan M Wiener ကရေးသားပေးထားပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့ ဂျင်မ်ဟာ တောရိုင်းတိရစ္ဆာန်တွေလေ့ကျင့်ပေးပြီး ပြစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လောလောဆယ်မှာ စပန်ကီဆိုတဲ့ ချန်ပန်ဇီတစ်ကောင်ကို လေ့ကျင့်မွေးမြူထားပြီး ဝယ်လက်တစ်ယောက်ဆီ သွားပို့ဖို့ ထွက်လာတာဖြစ်ပါတယ်။ မျောက်ဝံပြစားတာ ယခင်လိုအလုပ်အကိုင်မကောင်းလို့ စပန်ကီကို ဝယ်လက်ဆီသွားပို့ကာမှ လမ်းမှာကားကပါပျက်ပါတော့တယ်။ ကားပျက်တာပြင်ပြီးလို့ ပြန်အထွက်မှာ ကားကြုံလိုက်မယ့် လူငယ်တစ်ယောက်ကို သနားစိတ်ဝင်ပြီး တင်မိရာကနေ အဲ့လူငယ်ဟာ သူထင်ထားသလို သာမန်ကောလိပ်ကျောင်းသားချာတိတ်မဟုတ်ဘဲ လူငါးယောက်ကို ပူပူနွေးနွေးသတ်လာတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်နေတဲ့အခါ၊ သူ့ကိုပါ အနုကြမ်းစီးပြီး ပါတာလေးတွေ ယူလိုက်တဲ့အခါ ဂျင်မ်တစ်ယောက် စုပ်လည်းဆူး၊ စားလည်းရူးအခြေအနေနဲ့ အဆိုပါလူငယ်နဲ့ ရှေ့ဆက်ဖို့ အတော်လေးအခက်ကြုံလာရပါတော့တယ်။

#HeWentThatWay #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

He Went That Way
He Went That Way
He Went That Way
Original title He Went That Way
IMDb Rating 5.1 286 votes
TMDb Rating 5 1 votes

Similar titles

American Warrior
Ordinary People
Naal 2
Captain America: Brave New World
Crush The Wicked
Next Goal Wins
Vendetta Road
Crescent Gang
The Witch
Father of the Milky Way Railroad
Kupu-Kupu Kertas
ReBroken

Leave a comment