What's happening?

Video Sources 109 Views Report Error

  • Watch trailer
  • Kingdom of Heaven
Kingdom of Heaven

Kingdom of Heaven

Be without fear in the face of your enemies. Safeguard the helpless, and do no wrongMay. 03, 2005United Kingdom | Germany | Spain | Morocco | United States | Italy | France144 Min.R
Your rating: 0
0 0 votes
JBBKX ads banner

Synopsis

နှစ်ပေါင်း ၂၀၀ -ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလတစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့ သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။

ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical Version)ကို လုံးဝမကြည့်သင့်ပါဘူး၊ အရေးကြီးတဲ့အချက်တွေ နေရာတွေကို ဖြတ်ပြီး တင်ခဲ့တာမို့၊ အမြတ်အစွန်းနည်းခဲ့တဲ့အပြင် အတော်လည်း အဆဲခံခဲ့ရပါတယ်။ ခရစ်ယာန်တွေကလည်းဆဲ၊ မူဆလင်တွေကလည်း ဆဲနဲ့မို့ မိုရိုကိုဘုရင်က ဒါရိုက်တာ Ridley Scott ကို သက်တော်စောင့် လေးယောက်စီစဉ်ပေးထားလိုက်ရပါသေးတယ်။ Director’s Cut Roadshow Version ကို ထုတ်လိုက်မှပဲ တကယ့်ရုပ်ရှင်ကောင်းဆိုတာ လက်ခံသွားကြတာပါ။ ဒါတောင် အတော်ဝေဖန်ခံရပါသေးတယ်။

သမိုင်းလောကရဲ့ အိုစမာဘင်လာဒင်လို့တောင် သမုတ်ခံရဖူးပါတယ်။ ရစ်ဒလီစကော့ကလည်း ရုံတင်ဗားရှင်းဟာ ငါ့လက်ရာမဟုတ်ဘူးလို့တောင် ကြေညာပြီးအပြီးစွန့်လွှတ်လိုက်တာပါ။ ဒါကြောင့် Director’s Cut Roadshow Version ဖြစ်တဲ့ ၃ နာရီကျော်ကြာမြင့်တဲ့ Version ကိုပဲ တင်ဆက်လိုက်ပါတယ်။သမိုင်းနောက်ခံခရူးဆိတ်စစ်ပွဲ ( 1095 -1291 )
(အရမ်းရှုပ်ထွေးပြီး နိုင်ငံများစွာ တိုက်ပွဲများစွာရှိလို့ ရှင်းပြဖို့မဖြစ်နိုင်ပါဘူး အကြမ်းတော့ ရေးပြထားပါတယ်)

ခရူးဆိတ်စစ်ပွဲဟာ အကြိမ်များစွာဖြစ်ပွားခဲ့ပြီး ပင်မ ခရူးဆိတ်စစ်ပွဲကြီး ၈ -ခုရှိခဲ့ပါတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံးမြို့ထဲက တစ်ခုဖြစ်တဲ့ အထွတ်အမြတ်မြေ Holy Land ခေါ် ဂျေရုဆလင်ကို တိုက်ခိုက်သိမ်းပိုက်တာတွေကနေ အစပြုခဲ့တာပါ။ ဂျေရုဆလင်ဟာ 3000 BCE လောက်ကတည်းက (လွန်ခဲ့သော နှစ်ပေါင်း 5000) ရှိခဲ့တာဖြစ်ပြီး ဘာသာပေါင်းစုံလူမျိုးပေါင်းစုံ သူတပြန် ကိုယ်တပြန် သိမ်းပိုက်ခဲ့ကြတာ ကြာပါပြီ။ တမန်တော် မိုဟာမက် ပေါ်ပေါက်လာပြီး ၆၂၂ -ခုနှစ်နောက်ပိုင်းမှာ မူဆလင်ဘာသာရေးစစ်ပွဲတွေကနေတဆင့် နယ်မြေတွေရရှိလာခဲ့ပြီး ဂျေရုဆလင်ကိုလည်း ဘိုင်ဇန်တိုင်းခရစ်ယာန်တွေလက်ကနေ သိမ်းပိုက်ခဲ့ပါတယ်။ ဂျေရုဆလင်ကို ၆၃ -ဘီစီလောက်မှာ ရောမအင်ပါယာက သိမ်းပိုက်ခဲ့ပြီး 30 A.D. လောက်မှာ ခရစ်တော်ကို ကားစင်တင်ခဲ့တာပါ၊ 614 ခုနှစ်မှာ ပါရှန်းတွေက သိမ်းပိုက်ခဲ့ပြီး 629 ခုနှစ်မှာ ဘိုင်ဇန်တိုင်းခရစ်ယာန်တွေ ပြန်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီကမှ မူဆလင်နိုင်ငံတွေလက်အောက်ကိုရောက်သွားခဲ့ပြီး ပထမဆုံးခရူးဆိတ်ဖြစ်တဲ့ (1096–1099) ကာလမှာ ခရစ်ယာန်တွေက သိမ်းပိုက်ထားခဲ့တာပါ။ ခရူးဆိတ်အပြီးမှာ တည်ထောက်ခဲ့တဲ့ County of Edessa ဟာ ဆီးရီးယား Zengid မင်းဆက်လက်အောက်ကို ကျသွားတဲ့နောက် ဒုတိယခရူးဆိတ် (1145–1149) စတင်ခဲ့ပြီး ဂျေရုဆလင်ကို ဆက်သိမ်းပိုက်ထားနိုင်ပေမဲ့ အခြားနယ်တွေမှာခရစ်ယာန်တွေ စစ်ရှုံးခဲ့ပါတယ်။ အဲဒီကနေ ဂျေရုဆလင်ကို အုပ်ချုပ်တဲ့ King Baldwin IV လက်ထက်မှာ ဆီးရီးယားနဲ့ အီဂျစ်ကို စည်းရုံးထားနိုင်တဲ့ ဘုရင် ဆာလာဒင်နဲ့ စစ်ပြေငြိမ်းထားပြီး ယှဉ်တွဲနေထိုင်စေခဲ့ပါတယ်။ ဒီရုပ်ရှင်က ဒီနေရာက ဆက်တာပါ။

ဘုရင် နတ်ရွာစံပြီးနောက် ဆာလာဒင်က ဂျေရုဆလင်ကို သိမ်းပိုက်တဲ့တိုက်ပွဲမှာ မြို့ကိုခုခံခဲ့တဲ့ အစ်ဘလင်မြို့စား ဘေလီရန်အကြောင်းကို ပြသထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းအဆုံးမှာတော့ တတိယခရူးဆိတ် (1189–1192) ကိုစတင်ဖို့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမန်ဘုရင်တို့ စစ်ချီလာတဲ့သမိုင်းနဲ့ အဆုံးသတ်ပေးခဲ့တာပါ။ တတိယခရူးဆိတ်မှာ အရေးပါတဲ့မြို့တွေကို ခရစ်ယာန်တွေပြန်ရခဲ့ပြီး စစ်နိုင်တယ်လို့ ပြောလို့ရပေမဲ့ ဂျေရုဆလင်ကိုတော့ မရခဲ့ပါဘူး။

ဇာတ်လမ်းအကျဉ်း

ဒုတိယခရူးဆိတ်စစ်ပွဲကာလအပြီး တတိယခရူးဆိတ်စစ်ပွဲကို စတင်စေခဲ့တဲ့ သမိုင်းနောက်ခံကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ခရူးဆိတ်သူရဲကောင်း နယ်စားကြီး ဂေါ့ဖရေးရဲ့ သားဖြစ်သူ ဘေလီရန်ဟာ ဆာရာဆန်(မူဆလင်) ဘုရင် ဆာလာဒင်လက်ထဲကို ဂျေရုဆလင်မြို့ကြီးမကျဆုံးခင် အစွမ်းကုန်ကာကွယ်ခဲ့ပြီး မြို့ကျပြီးနောက်မှာ မြို့တွင်းက လူတွေကို အသက်ရှင်လျက် ထွက်လာနိုင်အောင် လုပ်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ (အသက်ရှင်လျက်ထွက်လာနိုင်အောင်လုပ်တယ်ဆိုတာ မလွယ်ပါဘူး၊ ပထမခရူးဆိတ်စစ်ပွဲမှာ ဂျေရုဆလင်ကို ခရစ်ယာန်တပ်တွေ သိမ်းပိုက်ချိန်မှာ မြို့ထဲကမူဆလင်နဲ့ဂျူးတွေ အားလုံးအသတ်ခံခဲ့ရပါတယ်။ အလယ်ခေတ်စစ်ပွဲတွေမှာ ထုံးစံလိုဖြစ်နေတာမို့ ဒါဟာ အောင်မြင်မှုတစ်ခုပါပဲ)။ ဘေလီရန်ရဲ့ သမိုင်းနောက်ခံနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကတော့ သမိုင်းအတိုင်းမဟုတ်ဘဲ စိတ်ကူးယဉ်ဖန်တီးထားတာပါ။

#KingdomofHeaven #Herd #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Kingdom of Heaven
Kingdom of Heaven
Kingdom of Heaven
Kingdom of Heaven
Kingdom of Heaven
Kingdom of Heaven
Kingdom of Heaven
Kingdom of Heaven
Kingdom of Heaven
Kingdom of Heaven
Original title Kingdom of Heaven
IMDb Rating 7.3 309,299 votes
TMDb Rating 6.921 3,922 votes

Director

Ridley Scott
Director

Cast

Orlando Bloom isBalian de Ibelin
Balian de Ibelin
Eva Green isSibylla
Sibylla
Jeremy Irons isTiberias
Tiberias
David Thewlis isHospitaler
Hospitaler
Edward Norton isKing Baldwin
King Baldwin
Liam Neeson isGodfrey de Ibelin
Godfrey de Ibelin
Brendan Gleeson isReynald de Chatillon
Reynald de Chatillon
Marton Csokas isGuy de Lusignan
Guy de Lusignan

Similar titles

Miss. Shetty Mr. Polishetty
Boy Kills World
Foursome
Thundu
The Day After Tomorrow
Manjummel Boys
Mind the Gap
Naan Kadavul Illai
Kick
Ride On
Shadow Master
The Prequel of Gold Convoyers: A Decisive in Tianya Village

Leave a comment