ဆက်ဆံရေးတစ်ခုမှာ ကိုယ်လိုချင်တဲ့အခြေအနေမဟုတ်တော့ရင် နှစ်ဘက်စလုံးကလည်း မညှိနှိုင်းပေးနိုင်တော့ရင် ပြေပြေလည်လည်နဲ့ လမ်းခွဲပြီး healthy relationship တစ်ခုကို တည်ဆောက်လို့ရတယ်ဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ အဓိကပုံဖော်ထားပါတယ်။
ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့….
ရုပ်သံလှိုင်းတစ်ခုမှာ အရည်အချင်းရှိပြီး အလုပ်ကိုစိတ်အားထက်သန်တဲ့ မေစီကတော့ သူ့ရဲ့ရှိုးအစီအစဉ်အသစ်ကိုရဖို့ အသည်းအသန်ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာပဲ ဂုဏ်ပြုဖို့အတွက်ပန်းခြင်းလာပို့ပေးတဲ့ Bloom app ကိုတည်ထောင်ထားတဲ့ ဝါရန်တို့လုပ်နေတဲ့ ပန်းပို့ပေးတဲ့စီးပွားရေးကို မေစီတစ်ယောက် သိပ်ကိုစိတ်ဝင်စားသွားပါတယ်။ ဒါပေမဲ့ မေစီနောက်ကနေ လိုက်စည်းရုံးပေမဲ့ ဝါရန်တစ်ယောက်သဘောမတူတဲ့အခါမှာတော့ မေစီတစ်ယောက် ဝါရန်ကို ဘယ်လိုသဘောတူအောင်သိမ်းသွင်းမှာလဲ? သူ့ရဲ့အလုပ်မှာနစ်မြောနေတဲ့ ရည်းစားလေးနဲ့ပဲ ရေရှည်လက်တွဲသွားမလားဆိုတာကို ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
#LoveonyourDoorstep #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar