What's happening?

Video Sources 373 Views Report Error

  • Watch trailer
  • Mama Susan’s Friends (2023)
Mama Susan’s Friends

Mama Susan’s Friends

May. 18, 2023Philippines113 Min.n/A
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Mama Susan’s Friends (2023)

ဂါလိုဟာ မိဘမဲ့ကောလိပ်ကျောင်းသားလေးတစ်ဦးဖြစ်ပြီး ဦးလေးနဲ့အဒေါ်ရဲ့ စောင့်ရှောက်မှုအောက်မှာနေထိုင်ပြီး ကျောင်းတက်နေပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ဟာ သူ့အပေါ်ကောင်းသလိုရှိပေမဲ့ သူ့သားသမီးအရင်းတွေနဲ့ယှဉ်ရင်တော့ မျက်နှာသာမပေးတာ ခွဲခြားတာမျိုးတွေရှိတတ်တဲ့အတွက် တစ်ခါတလေ စိတ်ညစ်ရတာရှိပေမဲ့ ဂါလိုက ပျော်ပျော်ပဲနေတတ်ပုံရပါတယ်။

သူ့ဦးလေးနဲ့အဒေါ်ထက် ပိုစိတ်ညစ်ဖို့ကောင်းတာက ညညဆိုရောက်လာတတ်တဲ့ အိမ်မက်ဆိုးတွေပါပဲ။ မျက်နှာမည်းမည်းနဲ့လူတစ်ယောက် သူ့နောက်ကလိုက်နေတတ်တာ။ အဲဒီလိုပဲတစ်ကိုယ်လုံးမည်းနက်နေတဲ့ မိန်းမကြီးတစ်ယောက် သူ့ကို ဂုတ်ကနေကိုင် လေထဲမြှောက်ထားတာတွေကို မြင်မက်တတ်ပြီး အိမ်မက်နဲ့မတူအောင်ပြက်ပြက်ထင်ထင်ဖြစ်နေတတ်တာတွေကထူးခြားပါတယ်။

တစ်နေ့မှာတော့ သူ့ငယ်ဘဝမွေးရပ်မြေ ကျွန်းမြို့ငယ်လေးဆီက သူ့အဖေသေပြီဆိုတဲ့အကြောင်း ကြေးနန်းရောက်လာတဲ့အချိန်မှာ ဂယ်လိုတစ်ယောက် ဇာတိကိုပြန်ရဖို့ ဖြစ်လာပါတော့တယ်။ သူ့ဇာတိ သူမွေးတဲ့ အိမ်မှာ သူ့အဘွားဆူဇန်တစ်ယောက်သာ လက်ရှိနေထိုင်နေပါတယ်။ တစ်အိမ်လုံးမှာရှိနေတာကတော့ ဘာသာရေးရုပ်တုတွေ ပုံစံအမျိုးမျိုးနဲ့ဖြစ်ပြီး တစ်ချိန်က အိပ်မက်ဆိုးတွေဟာ ဒီအိမ်ကြီးကိုရောက်တဲ့အချိန်မှာ တစ်ဖြည်းဖြည်းလက်တွေ့ဆန် ကြောက်မက်ဖွယ်ကောင်းလာတာတွေကိုတွေ့ရတဲ့နောက် ဂယ်လိုတစ်ယောက် ပဟေဠိတွေကြားကနေ ရုန်းထွက်လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်။

နာမည်ကျော် ဖိလစ်ပိုင်စာရေးဆရာ Bob Ong ရဲ့ဘတ်ဆဲလားတစ်အုပ်ဖြစ်တဲ့ Ang mga Kaibigan ni Mama Susan ကိုအသက်သွင်းထားတာဖြစ်ပြီး ”မာမားဆူဇန်ရဲ့ မိတ်ဆွေများ” လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီမိတ်ဆွေတွေက ဘယ်သူများလဲ… သူ့အဘွားရဲ့မိတ်ဆွေတွေဟာ သူ့အတွက်ရော မိတ်ဆွေဆန်ပါ့မလား… ကြောက်မက်စရာအိမ်အိုကြီးနဲ့ ရုပ်တုတွေရဲ့နောက်က လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်နေလဲ… စတာတွေကိုဆက်လက်အဖြေရှာကြပါ။

Jump Scare မပါသလောက်နဲ့ ကျောထဲစိမ့်လာမယ့်ပဟေဠိတွေအပြည့်နဲ့ Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Mama Susan’s Friends
Mama Susan’s Friends
Mama Susan’s Friends
Original title Ang Mga Kaibigan ni Mama Susan
IMDb Rating 4.7 102 votes
TMDb Rating 5.885 13 votes

Director

Cast

Joshua Garcia isGilberto
Gilberto "Galo" Manansala
Angie Ferro isMama Susan
Mama Susan

Similar titles

ČERNÁK
Exterritorial
Striking Rescue
The Hitman’s Bodyguard
10 Cloverfield Lane
The Elevator
Ordinary People
All the Names of God
Hypnotic
The Great Indian Suicide
Holland
The Amateur

Leave a comment