မိဘနှစ်ဦးကွာရှင်းထားလို့ စိတ်ညစ်နေတဲ့ ဂျေဆန်ဆိုတဲ့ သားလူပျိုလေးအတွက် ခရစ္စမတ်အားလပ်ရက်မှာ အချိန်ပေးပျော်ရွှင်အောင်လုပ်ပေးဖို့စီစဥ်နေတဲ့ မယ်လန်နီတစ်ယောက် အပန်း ဖြေခရီးနေရာကို စိန့်နီကိုးလတ်ကျွန်းကိုသွားဖို့ ဆုံးဖြတ်မိရာကနေ ကျွန်းရဲ့ မီးပြတိုက်ကို တာဝန်ယူဖိုပါ ရုတ်တရက်ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဖခင်ဆုံးသွားပြီးကတည်းက ကျွန်းကနေထွက်ခွာသွားပြီး ရုတ်တရက် ကျွန်းကိုပြန်ရောက်လာတဲ့ မီးပြတိုက်ပိုင်ရှင် ပီတာဆန်ဒါဆမ်တစ်ယောက် မယ်လန်နီနဲ့ တွေ့ဆုံပြီး သူတိုနှစ်ဦးကြား အချစ်ပန်းတွေပေါက်ဖွားလာတာတွေ…
ကျွန်းရဲ့ ခရစ္စမတ်ဓလေ့တွေ ၊ ကျွန်းပေါ်ကလူတွေအတွက် ခရစ္စမတ်နေ့ဟာ အရေးပါပုံတွေကို ကြည်ကြည်နူးနူး ပျော်ပျော်ရွှင်ရွှင်ပုံစံလေးနဲ့ ရိုက်ပြထားတာကြောင့် တကယ်ကိုကြည့်လိုကောင်းတဲ့ ခရစ္စမတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
#NavigatingChristmas #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar