ရာဂျာဆိုတာ ကလေးဘ၀ကတည်းက ဗေဒင်ဆရာတစ်ယောက်၊ အိမ်ရှေ့မှာလာရပ်ပြီး ဒီကလေးက သာမာန်မဟုတ်ဘူး၊ ကံကောင်းခြင်းတွေယူဆောင်လာပေးမဲ့ ဘုရင်လိုလူမျိုးဆိုပြီး နိမိတ်ဖတ်ခြင်းခံခဲ့ရသူ။
အရွယ်ရောက်လာတော့လည်း တရားမျှတမှုအတွက်ဆို လူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ မင်္ဂလာပွဲမှာတောင် သတို့သမီးကို မြင်းဖြူကြီးစီးလို့ သွားခိုးပြီး ပြဿနာအတက်ခံရဲတဲ့သူ။
ဂီသာကတော့ မဟုတ်မခံသူပေါ့ ၊ လူဆိုတာမွေးတည်းကမျိုးရိုးဗီဇနဲ့ပါလာတာမို့ သေတဲ့အထိဖျောက်လို့မရဘူးလို့ ဆရာနဲ့ပြိုင်ငြင်းမိလေတော့ ဆရာဖြစ်သူက တစ်လအတွင်းသက်သေရှာလာပြီးမှ ငါ့အတန်းလာတက်ဆိုပြီးတော့
နှင်ထုတ်လိုက်ပါလေရော။ ဒီလိုနဲ့ ဒီဆတ်ဆတ်ထိမခံ ၂-ယောက် ဆုံတွေ့ဖို့ဖြစ်လာတဲ့အခါ…
ဒေါသဖြစ်ချိန်မှာ ရာဂျာတစ်ယောက် သူမဟုတ်တဲ့တခြားတစ်ယောက်လို သိသိသာသာကြီး ကွဲထွက်နေတဲ့ပုံစံကြောင့် multiple personality disorder ရှိတယ်ထင်ပြီး ရာဂျာကိုလေ့လာပြီး ဆရာကိုသက်သေပြချင်တဲ့ဂီသာတစ်ယောက် ရာဂျာနဲ့ရင်းနှီးဖို့ကြိုးစားရင်းက ရာဂျာဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ မတရားသဖြင့် အသက်ဆုံးရှုံးလိုက်ရတဲ့ မာသန်ဒါတော်ဝင်မျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့
ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါဦး။
#Rajamartanda #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar