သိုင်းလောက သူရဲကောင်းမောင်နှမနှစ်ယောက် ရွှဲရှောင်ဖုန်းနဲ့ ရွှဲရှောင်ဟွားတို့ကို လူမိုက်ချီးရဲက နှလုံးဖောက်အမှုနဲ့ စွပ်စွဲခဲ့တဲ့အတွက် ဖမ်းမိန့်ထုတ်ထားတာ ခံခဲ့ရပါတယ်။ သူတို့ရဲ့ အပြစ်ကင်းကြောင်း သက်သေပြဖို့အတွက် ရွှဲမောင်နှမနှစ်ယောက် ချီးရဲကို သွားဖမ်းချိန်မှာ ချီးရဲလူသတ်နေတာကို တွေ့ခဲ့ပြီး အသတ်ခံရခါနီး မိန်းကလေးကို ကယ်နိုင်ခဲ့ပါတယ်။ ချီးရဲကလည်း အသက်ချမ်းသာခွင့်ရဖို့အတွက် ရွှေတံဆိပ် ၇- ခုထဲက တစ်ခုကို ရွှဲရှောင်ဖုန်းကို ပေးခဲ့ပြီး သူ့နောက်ကွယ်ကလူက လုံခန်ရွာကဖြစ်ကြောင်းပြောပြခဲ့တယ်။
ရွှေတံဆိပ် ၇- ခုစုံရင် လျှို့ဝှက်အခန်းတစ်ခုကို ဖွင့်နိုင်မှာဖြစ်ပြီး အဲဒီအခန်းထဲမှာ ရတနာတွေ အပြည့်ရှိတယ်လို့လည်း ပြောပြခဲ့ပါတယ်။ အဲဒီအချိန်မှာ စုံထောက်ကောဝိန်ရှန်းက လာရောက်ဖမ်းဆီးခဲ့ပေမဲ့ ရွှဲမောင်နှမ နှစ်ယောက် ထွက်ပြေးလွှတ်မြောက်ခဲ့ပါတယ်။ ရွှဲမောင်နှမ နှစ်ယောက်သား နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းဆီးနိုင်ပါ့မလား…… လူတိုင်း လိုချင်နေတဲ့ လျှို့ဝှက်ခန်းထဲက ရတနာတွေက တကယ်ရှိခဲ့တာလား ဆိုတာကို ရုပ်ရှင်ဆက်ကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။
#SevenOrdersofMysteryTheRakshasaStorm #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar