Netflix ရဲ့ မှတ်တမ်းရုပ်ရှင်ကောင်းတစ်ခုဖြစ်ပြီး Rating လည်း 7.8 အထိရထားပါတယ်။ Take care of Maya ဆိုတာ မာယာကိုဝါစကီးဆိုတဲ့ကောင်မလေး အသက်ဆက်ရှင်နိုင်ဖို့ကြိုးစားရင်း အမေရိကန် ဆေးဘက်ဆိုင်ရာနဲ့ တရားဥပဒေရေးရာမှာ အတော်လေးပွဲဆူသွားတဲ့ case ပါ။
မာယာဟာ ငယ်စဉ်ကကျန်းမာပေမဲ့ ၁၀- နှစ်သမီးလောက်မှာထူးဆန်းတဲ့ အာရုံကြော ရောဂါတစ်ခုကိုခံစားလာရပါတယ်။ CRPS လိုခေါ်တဲ့ ရောဂါကြောင့် ခြေထောက်တွေလက်တွေမလှုပ်ရှားနိုင်အောင်ဖြစ်ပြီး ခန္ဓာကိုယ်အနှံ နာကျင်မှုတွေလည်းဖြစ်လာပါတယ်။ သာမန်ဆေးထိုးဆေးကုနဲ့ ပျောက်တဲ့ရောဂါမဟုတ်ဘဲ ကြာလေ ဆရာ၀န်တွေလည်း အဖြေရှာမတွေ့နိုင်အောင်ဖြစ်လာပါတယ်။ မိခင်ဖြစ်သူ ဘီရတာကိုဝေါစကီးကိုလည်း စိတ်ပုံမှန်မဟုတ်ဘူးဆိုပြီး စွပ်စွဲပြီး ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲက အုပ်ထိန်းခွင့်ယူလိုက်ပါတယ်။ သောကတွေများနေတဲ့ မိခင်ဘီရတာက အဆုံးစီရင်သွားမှ အမှုကပိုရှုပ်ထွေးလာပါတော့တယ်။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူး
ထားတဲ့ မှတ်တမ်းရုပ်ရှင် ဇာတ်ကားကောင်းဖြစ်ပါတယ်။
#TakeCareOfMaya #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar