လူသားစားတဲ့ ကျား၊ တရားမဝင်အမဲလိုက်တဲ့သူတွေ၊ အစိုးရဝန်ထမ်းတွေရယ်နဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို
တင်ဆက်ပေးလိုက်ပါတယ်။
ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာ။ ဘေးပတ်ဝန်းကျင်မှာလည်း ရွာငယ်လေးတွေရှိပေမဲ့
အဆုံးမရှိတဲ့တောနက်ကြီးလွှမ်းခြုံထားပြီး အဲဒီရွာလေးဘေးမှာတော့ ကျားတွေကျက်စားပါတယ်။
ခန့်မှန်းခြေ ကျားပေါင်း သုံးဆယ်ကျော်ရှိပြီး ကျားတစ်ကောင်ရဲ့ စားကျက်က ၃၈-မိုင်ပတ်လည် ဝန်းကျင်လောက်ရှိပါတယ်။
ဒီကျားတွေထဲကမှ လူတွေကိုရန်ပြုစားသောက်တဲ့ ကျားတစ်ကောင်ပေါ်လာတဲ့အခါ…။
ဘေးမဲ့ပေးထားတဲ့ ကျားတွေကို တရားမဝင်သတ်ဖြတ်အမဲလိုက်နေတဲ့ ဘယ်ကမှန်းမသိတဲ့
မုဆိုးတွေရောက်လာတဲ့အခါ…။
တောခေါင်းတွေ လိုက်လံစုံစမ်းနေတဲ့ကြားကမှ အထက်တရားရုံးချုပ်ကနေ စီဘီအိုင်အရာရှိတစ်ဦးကို
ကျားတွေသတ်ခံနေရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်တဲ့အခါ…။
သူတို့တွေရဲ့ စားကျက်လုကြပုံကို တောတွင်းအလှတွေနဲ့ ရှုမြင်ခံစားကြရမှာပါ။
#Territory #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar