ဆူဒန်ပြည်တွင်းစစ်တုန်းအတွင်းမှာ Mamere တို့ရွာလေးဟာမီးရှို့ဖျက်ဆီးခံရပြီး မိဘတွေလည်းအသတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် Mamere တို့ညီအစ်ကိုမောင်နှမတစ်သိုက်ဟာ အားလျှော့ဘဲ ဘေးကင်းရာကိုထွက်ပြေးခဲ့ရပါတယ်။ လမ်းခရီးမှာလည်း ဒုက္ခတွေကြုံခဲ့ရအပြီးမှာတော့ နောက်ဆုံးမှာ ကင်ညာနိုင်ငံဒုက္ခသည်စခန်းကိုရောက်ခဲ့ပါတယ်။ စခန်းမှာနှစ်အတန်ကြာနေခဲ့ပြီးနောက်မှာ Mamere တို့မောင်နှမတွေ အမေရိကမှာခိုလှုံခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် လူနေမှုအဆင့်အတန်းနဲ့ ယဉ်ကျေးမှုကွာခြားလှတဲ့ တိုင်းပြည်မှာ အခြေချနိုင်ဖို့ Mamere တို့အတွက်မလွယ်ကူခဲ့ပါဘူး။ မိသားစုစိတ်ဓာတ်၊စွန့်လွှတ်အနစ်နာခံမှုတွေကိုဖော်ကျူးထားတဲ့ ဇာတ်ကားလေးပါ။