What's happening?

Video Sources 380 Views Report Error

  • Watch trailer
  • The Good Neighbor (2016)
The Good Neighbor

The Good Neighbor

You never know who's watchingSep. 16, 2016United States98 Min.n/A
Your rating: 0
8 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလေ့လာမှုနဲ့ အဖိုးကြီးတစ်ယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကြားက မထင်မှတ်တဲ့အားပြိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီကားကို ဒါရိုက်တာ Kasra Farahani က ရိုက်ကူးထားတာဖြစ်ပြီး ဝါရင့်ဂန္တဝမင်းသားကြီး James Caan က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Ethan ဟာ နည်းပညာတတ်ကျွမ်းတဲ့ အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး သူ့အမေနဲ့အတူတူ နေထိုင်နေတာပါ။ သူနေတဲ့ လမ်းတစ်ဖက်ခြမ်းမှာတော့ Harold ဆိုတဲ့ လူ့ဂွစာအဖိုးကြီးတစ်ဦးနေထိုင်နေဝာာဖြစ်ပြီး ဒီအဖိုးကြီးက လူတိုင်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သလို နေကုန်နေခမ်း အရက်သောက်မူးရူးပြီး အိပ်ပျော်နေတတ်သူပါ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရင် ခွေးကိုတောင် သတ်ပစ်မယ်လို ခြိမ်းခြောက်တတ်သူပဲဖြစ်ပါတယ်။ Ethan နဲ့ သူ့ရဲ့သူငယ်ချင်း Sean တို့ဟာ ကျောင်းပရောဂျက်တခုလုပ်ဆောင်ဖိုရှိနေပြီး သူတို့က ကမ္ဘာကျော် Little Albert စမ်းသပ်မှုကို လူတိုင်းအမြင်ကပ်ကြတဲ့ အဖိုးကြီး Harold အပေါ် အသုံးချကြမှာဖြစ်ပါတယ်။

ဒီစမ်းသပ်မှုမှာတော့ အဖိုးကြီးရဲ့အိမ်ထဲကို ခိုးဝင်ပြီး ကင်မရာတွေတပ်ဆင်ပြီး သူ့အိမ်မှာ သရဲခြောက်နေတယ်လိုယုံကြည်လာအောင် လုပ်ဆောင်ကြမှာဖြစ်ပြီးတော့ အဖိုးကြီးရဲ့ တုန်လှုပ်ခြောက်ခြားတဲ့ တုံပြန်မှုတွေကို ကွန်ပျူတာကနေတဆင့် စောင့်ကြည့်ကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစမ်းသပ်မှုက ထင်ထားသလို ဖြစ်လာပါ့မလား။ အရင်က အတိတ်ဇာတ်လမ်းဟောင်းတွေထဲက ရုန်းမထွက်နိုင်ဘဲ စိတ်ဝေဒနာရှင် အရက်ဂျိုးကြီးဖြစ်နေတဲ့ Harold နဲ့ အသိဉာဏ်နုနယ်ပြီး မရင့်ကျက်တဲ့ ကျောင်းသားလူငယ်လေးနှစ်ယောက်ကြားမှာ ဘာတွေဆက်ဖြစ်လာမှာလဲ။ ဒီအဖိုးကြီးက ညညဆိုရင် မြေအောက်ခန်းထဲကိုဝင်သွားတာပြီးတော့ ဒီမြေအောက်ခန်းထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ။ ကျောင်းသားနှစ်ယောက်ဟာမြေအောက်ခန်းထဲမှာ သူတိုသိပ်စိတ်ဝင်စားတဲ့အရာတခုကိုရှာတွေ့နိုင်ပါ့မလား။ Harold ကရော လူတွေနဲ့ ခပ်ကင်းကင်းနေထိုင်တာ ဘာကြောင့်လဲ၊ သူက Ethan ရဲ့မိဘတွေနဲ့ဘယ်လိုရာဇဝင်ဟောင်းတွေရှိခဲ့တာလဲ ဆိုဝာာကိုဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ရာကြည့်ရှုကြရမှာဖြစ်ပါတယ်။

#TheGoodNeighbor #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames  #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames

The Good Neighbor
Original title The Good Neighbor
IMDb Rating 6.3 18,225 votes
TMDb Rating 6.205 426 votes

Director

Cast

Similar titles

Death Whisperer
King of Kotha
The Shadow Strays
Turn Me On
The Long Way Home
Joker
Forbidden Desire
The Price of Nonna’s Inheritance
Frankenstein
Shanghai Bund: The Righteous Way of the Wind and Cloud
Private Peaceful
Exodus: Gods and Kings

Leave a comment