What's happening?

Video Sources 819 Views Report Error

  • Watch trailer
  • The Imitation Game (2014)
The Imitation Game

The Imitation Game

The true enigma was the man who cracked the code.Nov. 14, 2014United Kingdom | United States113 Min.PG-13
Your rating: 0
0 0 votes
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

ဇာတ်လမ်းအကျဉ်း

ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။
ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး
ဗြိတိန်နိုင်ငံက  ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျှို့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့…..ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ပဲဖြစ်ခဲ့ပါတယ်။ ဗြိတိန်စစ်တပ်ဟာ ဒီ enigma ကိုဖော်နိုင်ဖို့ နိုင်ငံအတွင်းရှိ သင်္ချာပညာရှင်တွေ၊ cryptanalyst တွေကို Bletchley Park မှာ စုစည်းခဲ့ကြပါတယ်။

Bletchley Park ကိုလာရောက်ကြသူတွေထဲမှာ Alan Turing လည်းအပါအဝင်ပေါ့။ Alan Turing ဟာ ဉာဏ်အင်မတန်ကောင်းတယ်၊ cryptology ကိုထုံးလိုကြေရေလိုနှောက် ကျွမ်းကျင်တယ်။ သို့ပေမဲ့ ပေါင်းသင်းဆက်ဆံရေးကတော့အလွန်ညံ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်မဝင်စားဘူး။ သူတို့ဟာ သူ့အလုပ်ကိုနှောင့်နှေးစေတာသာရှိမယ်လို့ သူကယူဆတယ်။ ဒီတော့ သူ့ကိုလုပ်ဖော်ကိုင်ဖက်တွေက ဘယ်ကြည်ကြလိမ့်မလဲ။ အထက်လူကြီးကရောတဲ့……….Alan Turing ဆိုတဲ့ငနဲကို ထုတ်ပစ်ဖို့ အကြောင်းပြချက်ရှာမတွေ့သေးလို့သာ ငြိမ်နေကြရတာဖြစ်ပါတယ်။ Alan က enigma ကိုဖော်ဖို့ လူ့စွမ်းအားနဲ့မဖြစ်နိုင်မှန်းသိတယ်။ လူ့ဦးနှောက်ထက်သာလွန်တွက်ချက်နိုင်တဲ့ စက်တစ်ခုကိုတည်ထွင်ဖို့သူကကြိုးပမ်းခဲ့တယ်။ အစကတော့ သူ့စက်အတွက် ငွေထောက်ပံ့ဖို့ Commander Denniston ကငြင်းဆိုခဲ့တယ်။ ဒီတော့ Alan ဘာလုပ်သလဲ…….။ Winston Churchill ဆီ တိုက်ရိုက်စာရေးတောင်းဆိုလိုက်တော့တယ်။ ရလဒ်အဖြစ် funding ရလိုက်ရုံမက decipher team တစ်ခုလုံးရဲ့ခေါင်းဆောင်ပါဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပေမဲ့ ငွေကုန်ကြေးကျခံထားတဲ့ Alan ရဲ့စက်ကြီးက အလုပ်ဖြစ်မလာသေးလို့ အထက်လူကြီးတွေသည်းခံစိတ်ကုန်လာခဲ့ပြီ။ Bletchley Park မှာ ဆိုဗီယက်သူလျိုရှိတယ်ဆိုတဲ့ ကောလဟလထွက်လာတဲ့အခါမှာလည်း Alan ကသံသယရှိစရာအကောင်းဆုံးသူဖြစ်နေတယ်။ Alan ဟာ တကယ်ပဲသူလျိုလား……..၊ သူ့ရဲ့စက်ကြီးကရော အချိန်မီပြီးစီးနိုင်မှာလား။
Alan မှာ အဲဒီခေတ်က လူသိခံလို့မရတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုလည်းရှိနေခဲ့တယ်။
အဲဒီလျို့ဝှက်ချက်ကိုရော Alan ဘယ်အချိန်ထိဖုံးကွယ်ထားနိုင်မလဲဆိုတာ…………………..။

အလန်ကျူရင်းကို ယခင်က ကျွန်တော် မကြားဖူးခဲ့ပါဘူး။
အဲ့ဒီ အလန်ကျူရင်းဆိုတာ ကျွန်တော်တို့ ယနေ့ခေတ်ကွန်ပျူ တာခေတ်အတွက် အစကနဦး အိုင်ဒီယာချခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါတဲ့။ ဒီဇာတ်ကားက အဲ့ဒီပုဂ္ဂိုလ်ကြီးအကြောင်းကိုရိုက်ထားတာပါ။
သူဟာ ကမ္ဘာ့သမိုင်းကို ဖန်တီးခဲ့တဲ့ လူသားတွေထဲပါဝင်ခဲ့ပြီးတော့ လူ့အသက်ပေါင်း သန်းချီကို ကယ်တင်ခဲ့တဲ့ မဟာလူသားတစ်ဦးဖြစ်ပါတယ်။ (မဟာလူသားဆိုပေမဲ့ Perfect ဖြစ်ခဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး)
ဒီလို Perfect မဖြစ်ပေမဲ့ လူသားဆန်လွန်းတဲ့ လူတစ်ယောက်အကြောင်းကို ဇာတ်လမ်းဇာတ်ညွှန်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့ တင်ဆက်ထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ကြည့်ဖို့တိုက်တွန်းအပ်ပါတယ်။

IMDb Rating(8.0/10) နဲ့ Rotten Tomatoes (90%) ရရှိထားပါတယ်။

မင်းသားကြီး Benedict Cumberbatch နဲ့ မင်းသမီး Keira Knightley တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီကားအပြီးမှာနိုင်ငံအတွက် ဘာတွေ ပေးဆပ်ပြီးပြီလဲ?
ဘာတွေ ပေးဆပ်ရဦးမလဲ? ဆိုတာတွေးရင်းနဲ့
“Ask not what your country can do for you, ask what you can do for your country” ဆိုတဲ့
မိန့်ခွန်းကိုတောင် ပြန်သတိရမိပါတယ်။

Source –  Channel Myanmar

The Imitation Game
The Imitation Game
The Imitation Game
The Imitation Game
The Imitation Game
The Imitation Game
The Imitation Game
The Imitation Game
The Imitation Game
The Imitation Game
Original title The Imitation Game
IMDb Rating 8 801,579 votes
TMDb Rating 8.007 15,908 votes

Director

Cast

Keira Knightley isJoan Clarke
Joan Clarke
Matthew Goode isHugh Alexander
Hugh Alexander
Rory Kinnear isDetective Robert Nock
Detective Robert Nock
Allen Leech isJohn Cairncross
John Cairncross
Matthew Beard isPeter Hilton
Peter Hilton
Charles Dance isCommander Denniston
Commander Denniston
Mark Strong isStewart Menzies
Stewart Menzies
Tom Goodman-Hill isSergeant Staehl
Sergeant Staehl

Similar titles

New Biography of Xi Shi
RAM: Rapid Action Mission
The Legend of the Condor Heroes: The Great Hero
Shirley
Squealer
I am the Secret in Your Heart
Dying in Plain Sight
Huwad
Sharathulu Varthisthai
As Above, So Below
The Threesome
The Woman in Cabin 10

Leave a comment