What's happening?

Video Sources 326 Views Report Error

  • Watch trailer
  • The Jewel Thief (2023)
The Jewel Thief

The Jewel Thief

One man made high crime a work of artJul. 13, 2023United States100 Min.TV-MA
Your rating: 0
0 0 votes
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

ဇာတ်လမ်းအကျဉ်း

ဒါလေးကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ ဖန်တီးမှုကောင်းမွန်ပြီး ဉာဏ်ထက်တဲ့ ပါရမီရှင် ရာဇဝတ်သား (ဂျရယ်ဒန်နီ ဘလန်းချက်) တစ်ယောက်ရဲ့ အကြောင်းရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ မိဘအရင်း
တွေက မွေးပြီးတာနဲ့ ၆-ရက်သားမှာ မွေးစားဖို့ပေးလိုက်လို့ မွေးစားမိခင်ကြီးနဲ့ ကြီးပြင်းခဲ့ရတဲ့ ကနေဒါနိုင်ငံ ဝင်နီပဒ်က မျက်မှန်ကြီးနဲ့ လူငယ်လေးတစ်ယောက်ကနေ ဘယ်လိုဖြစ်လာမလဲပေါ့။ သူဟာ သာမန်စတိုးဆိုင်က
မြေပုံလောက် အလစ်သုတ်ရာကနေ တခြားနိုင်ငံက တော်ဝင်စိန်တုံး ခိုးတဲ့ထိပါ နာမည်ကြီးလာတဲ့ ရာဇဝတ်သားတစ်ယောက်။

ဒီလိုနဲ့ ငယ်ဘဝမှာ ပစ္စည်းတွေအလစ်သုတ်နည်း၊ ဖြတ်ပိုင်း အတုလုပ်နည်း၊ အဲဒီကနေမှ ATM တွေ ဝင်ဖောက်တဲ့နည်း ၊ နောက်ကျ နိုင်ငံခြားက စိန်ပါခိုးတဲ့ထိ အဆင့်ဆင့် ဘယ်လိုမျိုး ဆင့်ကဲပြောင်းလဲလာတယ်ဆိုတာကို သူကိုယ်
တိုင်အပါအဝင် သူ့ အမေ၊ သူငယ်ချင်းတွေ၊ သူ့ကို ဖမ်းဆီးခဲ့တဲ့ ရဲသား ၂ ယောက်ရယ်၊ တခြား သက်ဆိုင်ရာလူတွေက ဇာတ်ကြောင်း ပြန်လည်ပြောဆိုထားပြီးတင်ပြတဲ့နေရာမှာလည်း သူတကယ်ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေနဲ့ အဖြစ်အပျက်တွေကိုလည်း သေချာဆင်တူပြန်ရိုက်ပြီး ပုံဖော်ထားတာပါ။ ရဲတွေနဲ့ဘယ်လို စိန်ပြေးလိုက်တမ်းတွေ ကစားပြီး ဘယ်လိုတွေ ဓားသွားပေါ်လမ်းလျှောက်ပြီး ဘယ်လိုတွေ ပြစ်မှုကျူးလွန်သလဲ? ငွေကြောင့်လား ဘာကြောင့်လားနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် မှတ်တမ်းရုပ်ရှင်ပဲ ဖြစ်ပါတယ်။

 

#TheJewelThief #Online #Games #Myanmar #OnlineGamesMyanmar

The Jewel Thief
The Jewel Thief
The Jewel Thief
Original title The Jewel Thief
IMDb Rating 6.5 605 votes
TMDb Rating 6 15 votes

Director

Cast

Similar titles

Jingle Bell Heist
The Hunt Down
The Naked Gun
The Devil on Trial
The Batman
Boy Kills World
The Bibi Files
Chocolate
Midnight FM
Hard Days
Bitcon
Sex and Fury

Leave a comment