မနှစ်က The Roundup ထွက်လာပြီး မကြာခင် ဒီနှစ်မှာပဲ အားလုံးမျှော်နေကြတဲ့ No Way Out ထွက်လာခဲ့ပါပြီ။
ဒီတစ်ခါတော့ စုံထောက်မာဆော့ဒိုတစ်ယောက် အထူးစုံစမ်းစစ်ဆေးရေးဌာနကို ပြောင်းသွားပြီဖြစ်ပြီး အမှုသစ်တွေလိုက်သွားမှာပါ။
စုံစမ်းစစ်ဆေးရေးဌာနကို အမှုသစ်ဝင်လာချိန်မှာ အဲအမှုက လူသတ်မှုလို ထင်ရပေမယ့် နောက်ကွယ်မှာတော့ မူးယစ်ဆေးဝါးဂိုဏ်းကြီးတစ်ခုနဲ့ သွားပတ်သက်နေပါတယ်။ အမြဲတမ်း လက်သီးနဲ့ဖြေရှင်းတတ်တဲ့ မာဆော့ဒိုဟာ ဉာဏ်သုံးပြီးလည်း အမှုတွေဖြေရှင်းတာကို ကြည့်ရပါဦးမယ်။
Outlaw, The Roundup တွေရဲ့ ဆွဲဆောင်တစ်ခုက ဗီလိန်မင်းသားတွေပဲမဟုတ်ပါလား။
ဒီတစ်ခေါက် No Way Out ရဲ့ဗီလိန်အနေနဲ့ကတော့ Lee Joon Hyuk ကပါဝင်သရုပ်ဆောင်ထားပါတယ်ကဲ.. ဘယ်တော့မရိုးနိုင်တဲ့ မာဒုံဆော့ရဲ့ ဟာသနှောတဲ့ အက်ရှင်တွေကို ကြည့်လိုက်ကြပါဦးနော်…