၁၉၇၄ ခုနှစ်မှာ ပြင်သစ်လူမျိုး ကောင်းကင်ကြိုးတန်းလျှောက်သူ Philippe Petit ဟာ အထပ် ၁၁၀ မြင့်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ(World Trade Center) အမြွှာမျှော်စင်ရဲ့ ခေါင်မိုးထပ်မှာ စွန့်စွန့်စားစား ကောင်းကင်ကြိုးတန်းလျှောက်ပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်အပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ The Walk ရုပ်ရှင်ဟာ ဖီးလစ်ပတေး (Philippe Petit) ရဲ့ အတ္ထုပ္ပတ္တိဖြစ်ရုံသာမက 9/11 တိုက်ခိုက်မှုမှာ ပျက်စီးခဲ့ရတဲ့ အမြွှာမျှော်စင်ကြီးရဲ့ မှတ်တမ်းတစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။
ဒါပေမဲ့လည်း မှတ်တမ်းရုပ်ရှင်စစ်စစ်မဟုတ်တဲ့အတွက်ကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းတဲ့ဇာတ်လမ်းမျိုးပါ။ ၂၀၁၅ -ခုနှစ်မှာ ထွက်ထားခဲ့တဲ့ရုပ်ရှင်ဖြစ်တဲ့အတွက် 3D ခံစားချက်အသားပေး အသည်းတအေးအေးပြကွက်တွေလည်း အပြည့်ပေါ့။ ၁၉၉၀ ခုနှစ်နဲ့အစောပိုင်းနှစ်တွေမှာ မွေးဖွားခဲ့သူတွေအဖို့ ၂၀၀၁ ခုနှစ်မှာ တီဗွီဖန်သားပြင်ထက် အထိတ်တလန့်နဲ့ မြင်တွေ့ကြုံကြိုက်ခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီရုပ်ရှင်ရိုက်ကူးချိန်မှာ မျှော်စင်ကြီး၂-ခုစလုံးက အပြင်မှာရှိမနေခဲ့တော့ပါဘူး။
ဒါကြောင့် အထူးပြုလုပ်ချက်နည်းပညာတွေ မြိုင်မြိုင်သုံးပြီးဖန်တီးထားတဲ့ ရုပ်ရှင်ပြကွက်တွေဟာ ထွက်ရှိလာချိန်မှာ အများရဲ့ချီးကျူးမှုကို လက်ခံရရှိခဲ့ပါတယ်။ Philippe Petit ရဲ့ဆောင်ပုဒ်အတိုင်း “မဖြစ်နိုင်တာမရှိ အိပ်မက်တွေနောက် လိုက်လျှောက်ပါ (Nothing is Impossible, Follow your Dreams)” ဆိုတဲ့ ခံစားချက်အပြည့်အဝပေးနိုင်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။
#TheWalk #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames