ဒစ်ရှာဟာ ၈-နှစ်ကြာပြီးမှ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့ ကံခေသူလေးပါ။
သူ့မှာ ငယ်စဉ်ကလေးဘဝထဲက အချစ်ကြီးချစ်ခဲ့ရတဲ့ ယူဗန်ဆိုတဲ့ မိဘမဲ့ဂေဟာကကောင်လေးလည်းရှိပါတယ်။ ဒါပေမဲ့ – နှစ်အကြာမှာ မိဘရင်းတွေကလာပြန်ခေါ်တာခံလိုက်ရတဲ့ ဒစ်ရှာဟာ
ယူဗန်ကိုမေ့သွားခဲ့ပါတယ်။ အနှစ်နှစ်အလလစောင့်ခဲ့ရတဲ့ ယူဗန်အတွက် သူပထမဆုံးပြန်ကြားရတဲ့ ဒစ်ရှာရဲ့သတင်းဟာ မင်္ဂလာဆောင်တော့မယ့်သတင်းပါ။ဒါပေမဲ့ ယူဗန်ကိုလာတွေ့တဲ့လမ်းမှာ ဒစ်ရှာတို တစ်မိသားစုလုံးကားမှောက်ပြီး မိဘတွေလည်း ပွဲချင်းပြီးဆုံးပါး ၊ ကိုယ်တိုင်လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့ရတဲ့ဒစ်ရှာတစ်ယောက် စကားမပြောနိုင်ဖြစ်ပြီး မှတ်ဉာဏ်ဆုံးရှုးခဲ့ရပါတယ်။
ဒီလိုနဲ့ပဲ ယူဗန်နဲ့ပဲ အကြောင်းပါခဲ့ပြီး အဖွားဖြစ်သူအမွေပေးခဲ့တဲ့ အိမ်ကြီးဆီကို ရွှေ့ပြောင်းနေထိုင်ကြပါတယ်။
အိမ်ကြီးဆီကပဲလား အတိတ်ကအရိပ်တွေကပဲလိုက်လာလေသလားမသိ၊ အမျိုးသမီးလေးဆီမှာ ထူးဆန်းတာတွေဖြစ်လာတဲ့အခါမှာတော့။
ဖြစ်ပျက်တဲ့အရာတွေကရော ခင်ပွန်းဖြစ်သူနဲ့ရော ဘယ်လိုတွေပတ်သက်နေလဲဆိုတာ ရင်ဖိုဖိုနဲ့ ကြည့်ရှုကြပါဦး…
#TheY #Online #Games #Myanmar #Online #Myanmar #OnlineGamesMyanmar