ဒေးဗစ်ဆန် မိသားစုက ချမ်းသာကြပေမဲ့လည်း သူတို့ရဲ့မိသားစုဝင်အချင်းချင်းဆက်ဆံရေးကတော့ မကောင်းကြပါဘူး။ မိသားစုဝင်တွေလည်း စုံစုံလင်လင်အတူမရှိရတာကြာပြီဖြစ်တဲ့အတွက် ပေါလ်နဲ့ အာဘရီတို့က သူတို့ရဲ့ (၃၅) နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ကလေး (၄) ယောက်နဲ့အတူ လူသူမနီးတဲ့ တောထဲကအိမ်ကြီးမှာလုပ်ရင်း မိသားစုဝင်အချင်းချင်းပြန်ပြီးနွေးထွေးမှုရအောင်လုပ်ဖို့ အစီအစဥ်ဆွဲခဲ့ကြပါတယ်။
ဒီလိုနဲ့ သူတို့အကုန်အကုန်လုံးပျော်ပျော်ပါပါး နှစ်ပတ်လည်နေ့ကို အောင်ပွဲခံတဲ့ညမှာပဲ မျက်နှာဖုံးနဲ့လူသတ်သမားတွေရောက်လာပြီး လူတိုင်းကိုလိုက်သတ်ပါတော့တယ်။ ဒီအခြေအနေမှာ သူတို့မိသားစု အသက်ရှင်ကြမလား? သူတို့ရဲ့ မိသားစုကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ? ဒီလူသတ်သမားတွေကရော ဘယ်ကနေပြီး ဘာကြောင့် ရောက်လာကြလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
2011 ထွက်ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့အပြင် အသတ်အဖြတ်ခန်းတွေ၊ သွေးသံရဲရဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်တာမလို့ ၁၈ နှစ်အောက်ကလေးတွေတော့မကြည့်ရှုသင့်ပါဘူး။
#YouAreNext #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar