ကောင်းကင်နဲ့မြေကြီး စတင်ဖြစ်တည်လာတဲ့အချိန်မှာ ယင်နဲ့ယန်ဓာတ် ၂-မျိုးလည်းပေါက်ဖွားလာခဲ့ပါတယ်။ ယင်ဓာတ်က အရှေ့အရပ်ကိုသွားပြီး နတ်မျိုးနွယ်တွေကိုမွေးဖွားစေသလို ယန်ဓာတ်ကလည်း အနောက်အရပ်ကိုသွားပြီး မိစ္ဆာနဲ့မကောင်းဆိုးဝါးတွေကို မွေးဖွားလာစေခဲ့ပါတယ်။ နတ်မျိုးနွယ်တွေနဲ့မိစ္ဆာတွေဟာ ရေနဲ့မီးလို အစဉ်တိုက်ပွဲတွေဖြစ်နေတာကြောင့် ဘိုးဘေးဟုန်ကျွင်းဟာ လူဘုံ ၊ နတ်ဘုံ နဲ့မိစ္ဆာဘုံဆိုပြီး သုံးလောကခွဲခြားလိုက်ပြီး ကောင်းကင်ကိုးဘုံရဲ့ထိပ်ဆုံးတောင်ထွဋ်မှာ ရွှမ်ထျန်းနတ်ဓားကိုစိုက်ပြီး လောကကြီးကို ငြိမ်းချမ်းစေခဲ့ပါတယ်။
နှစ်ပေါင်းများစွာကြာတော့ နတ်ဓားမှာလည်း ဓားဝိညာဉ်ရှလာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မိစ္ဆာဘုရင်ကလည်း ဓားကိုနုတ်ယူဖို့ကြံစည်လာတဲ့အချိန် နတ်မင်းကြီးထိုက်ယိနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပြီး ဓားကိုပါထိခိုက်စေခဲ့ပါတော့တယ်။ အဲဒါကြောင့်နဲ့ ဓားခန္တာကပျက်စီးသွားပြီး ဓားဝိညာဉ်နဲ့ ဓားအိမ်ဝိညာဉ်ကလည်း လူပြည်ကိုကျဆင်းသွားခဲ့ပါတော့တယ်။
မိစ္ဆာဘုရင်ကြီး ဓားဝိညာဉ်ကိုဘယ်လိုလိုက်ရှာမလဲ? ဓားဝိညာဉ်နဲ့ ဓားအိမ်ဝိညာဉ်ကရော လူ့ဘုံမှာ အချင်ချင်းမှတ်မိပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖိုမမေ့ပါနဲ့နော်။
#ZhouGongSubduesDemons #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames