IMDb Rating 8.2/10 ရရှိထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ သရုပ်ဆောင် ရှရက်ဒါစရီနာ့သ်၊ ဗစ်ကရမ်ပရာဘူ၊ ဗစ်ဟာ့တို့ ပါဝင်သရုပ်ဆောင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့အောင်မြင်တဲ့ဆက်ဆံရေးတစ်ခုဆီကို ဦးတည်မဲ့ နည်းလမ်းလေးတွေကို ထောက်ပြပေးသွားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
“အရင်ကလို အချိန်မပေးဖြစ်တော့ဘူး ၊ အရင်ကလို အတူရယ်မောပြီး စကားတွေ မပြောဖြစ်ကြတော့ဘူး ၊ ကိုယ်က နီးစပ်ဖို့ ကြိုးစားလေလေ မင်းက နောက်ကို ဆုတ်သွားလေလေ” တစ်ဖက်မှာတော့ ” မင်းကနီးစပ်ဖို့ကြိုးစားတိုင်း သူကပိုပြီး စိတ်တွေမွန်းကြပ်လာလေ ” ဒီလို ပြဿနာတွေကို စုံတွဲတိုင်းလိုလို ကြုံဖူးကြမှာပါ။ ဒီလိုတွေကြုံတွေ့လာရပြီး ဘယ်လိုတွေဖြေရှင်းရမလဲဆိုတဲ့နည်းလေးကိုတော့ ဒီဇာတ်လမ်းထဲက စိတ်ပညာကုထုံးဆရာဝန်တစ်ယောက်ဖြစ်သလို အိမ်ထောင်ရေးအကြံပေးတစ်ယောက်ဖြစ်တဲ့ မစ်တရာမာနူဟာရဲ့ အိမ်ထောင်ရေးလမ်းညွှန်ချက်တွေကနေ ထောက်ပြပေးသွားမှာပါ ။ ဒါ့အပြင် စုံတွဲပေါင်းများစွာရဲ့ သူတို့ရဲ့ ဆက်ဆံရေးမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတွေပါ ပြောပြပေးထားတာမို့လို့ ဇာတ်လမ်းလေးကို ကြည့်ရှုရင်းနဲ့ ကိုယ်ပိုင်အိမ်ထောင်ရေးတို့ သမီးရည်းစားဆက်ဆံရေးတို့မှာ အဆင်ပြေစေမဲ့နည်းလမ်းလေးတွေကို ကြည့်ရှုရင်း ခံစားအားပေးကြည့်ကြပါဦး…
#Irugapatru #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar