What's happening?

Video Sources 674 Views Report Error

  • Watch traileryoutube.com
  • Foe (2023)Unknown resource
Foe

Foe

Some people are made for each other.Oct. 06, 2023United States | Australia | United Kingdom110 Min.R
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Foe ကို ရိုက်တာက Lion (2016) နဲ့ Mary Magdalene (2018) တို့ရဲ့ ဒါရိုက်တာ Garth Davis ဖြစ်ပြီး မနှစ်က A24 ရဲ့ Aftersun နဲ့ လူကြိုက်များခဲ့သလို မင်းသားဆုလည်း အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့၊ Normal People စီးရီးရဲ့ အဓိကဇာတ်ကောင်လည်းဖြစ်ခဲ့တဲ့ Paul Mescal နဲ့ သူ့အရွယ်တန်းမင်းသမီးတွေထဲ သူ့ကိုမီတဲ့လူ ဘယ်သူမှမရှိတဲ့၊ ဟိုးငယ်ငယ်ကလေးကတည်းက Atonement မှာ အားလုံးမြင်ကတ်လောက်အောင် ပညာပြခဲ့သလို Little Women, Lady Bird, The Grand Budapest Hotel, Loving Vincent စစသဖြင့် ရိုက်သမျှကားတိုင်းမကောင်းမရှိသလို သရုပ်ဆောင်လည်း သိပ်ကောင်းတဲ့ Saoirse Ronan တို့က ပါဝင်သရုပ်ဆောင်ထားတယ်။ ဒီ ၂-ယောက်ရဲ့  Acting စကေးနဲ့တင် ဒီကားက တန်ပေမဲ့ ဝေဖန်ရေးသမားတွေဆီမှာတော့ မျက်နှာပန်းမလှခဲ့ပါဘူး။ ဇာတ်ကလည်း ပြချင်တာတော့ ကောင်းပေမဲ့ နည်းနည်းတော့ မနိုင်သလိုဖြစ်သွားတာကြောင့်လည်း ပါချင်ပါလိမ့်မယ်။ ဒါပေမဲ့ ဇာတ်က မဆိုးနေပြန်တော့ တန်တယ်ပြောရမှာပဲ။

ဇာတ်ကတော့ Psychological Thriller ဇာတ်။ မူရင်းစာအုပ်ကလည်း ဆုတွေဘာတွေရထားသေးတယ်။ ပြထားတာတွေကတော့ သိပ်မကြာသေးခင်က နည်းနည်းဟောင်းတဲ့ကာလတွေဆန်ပေမဲ့ ကာလကတော့ လူသားတွေ အာကာသထဲ အခြေချဖို့ကြိုးစားနေကြတဲ့ ဒီခေတ်အလွန်ကာလ။ ကျေးလက်ထဲမှာ ရိုးရိုးကုတ်ကုတ်နေနေတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ ပြောရရင် အမေရိကကို ဒီဗွီပေါက်သလို အမေရိကကနေ အာကာသထဲကိုသွားဖို့ ယောက်ျားဖြစ်သူက ဒီဗွီပေါက်သွားတယ်။ အာကာသထဲသွားနေရတော့မယ်ပေါ့။ ဒီမှာ ကျန်ခဲ့ရမယ့်သူနဲ့ ထွက်သွားရတော့မယ့်သူကြား ပြဿနာစတက်တယ်။ ဆန်းတော့ဆန်းသား… ဒီကားက သိပ္ပံစိတ်ကူးယဉ်အမျိုးအစားလည်း သွင်းလို့ရပေမဲ့ ပေါလ်ရဲ့ ရိုနန်တို့ရဲ့ သရုပ်ဆောင်စကေးကို ပြလို့ရမယ့် ဒရာမာခန်းတွေချည်း ဖောဖောသီသီသုံးသွားတယ်။ ဒီနောက် သူတို့ကို လာစောင့်ကြည့်တဲ့လူထည့်ပြီး ဒီသုံးယောက်ကြားက ပဋိပက္ခတွေကို ဆက်ပြတယ်။ သုံးယောက်စလုံး သရုပ်ဆောင်ကောင်းနေလေတော့ စကားပဲများနေတာပေမဲ့ ကြည့်လို့တော့ကောင်းနေတယ်။ နောက် ထွက်သွားရတော့မယ့် ယောက်ျားနေရာမှာ အစားထိုးဖို့ လူလုပ်အသိဉာဏ်နဲ့ ခန္ဓာကိုယ်ပါရှိတဲ့ သူ့ယောကျ်ားနဲ့တစ်ထေရာတည်းတူတဲ့ လူလုပ်လူတစ်ယောက်ထားခဲ့ဖို့လုပ်တယ်။ အဲဒီလူလုပ်လူအတွက် လိုအပ်တဲ့ မှတ်ဉာဏ်တွေ ဗီဇတွေ ပင်ကိုစရိုက်တွေကို ပေါလ်ရဲ့ဇာတ်ကောင်ဆီက ယူဖို့လုပ်ရင်း မထင်မှတ်ထားတဲ့အရာတွေ ကြုံလာရတယ်။

ဒါပါပဲ။တစ်ခါတလေ ဉာဏ်စဉ်မမီနိုင်တော့တဲ့ အချစ်တွေရှိလိမ့်မယ်။ ဆန်းပြားစွာပဲ သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေကြတယ်။ ဘယ်လိုပုံစံမျိုးနဲ့ရှိနေလဲ ကျွန်တော်တို့ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့အရာတွေပေါ့။ ဘောင်တွေထဲဝင်ရင်းတိုးရင်း ကျွန်တော်တို့ဘယ်လိုလူတွေလဲ ကျွန်တော်တို့မသိနိုင်တော့တဲ့အထိ အဲဒီအချစ်တွေ ခက်ခဲလွန်းတယ်။ ဒီရုပ်ရှင်ရဲ့ တစ်စိတ်တစ်ဒေသဟာ အဲဒီလိုအချစ်တွေကို ပုံဖော်သွားခဲ့တယ်။ မှန်ခြင်းမှားခြင်းတွေပါလာတဲ့အခါ ဒီရုပ်ရှင်က ဇာတ်ကောင်တွေဟာ အဲဒီအချစ်တွေကို ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ခဲ့ဘူး။ သဏ္ဍာန်တွေ သဏ္ဍာန်တွေ ဘယ်လိုပဲ ကွဲကြပါစေပေါ့… အချစ်ဆိုတဲ့အရသာဟာ ဘယ်တော့မှ ဟောင်းမသွားဘူး။

#Foe #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Foe
Foe
Foe
Foe
Foe
Foe
Original title Foe
IMDb Rating 5.7 747 votes
TMDb Rating 6.9 10 votes

Director

Garth Davis
Director

Cast

Saoirse Ronan isHenrietta
Henrietta
Aaron Pierre isTerrence
Terrence
Jordan Chodziesner isFormal Escort 1
Formal Escort 1
William Freeman isFormal Escort 2
Formal Escort 2

Similar titles

Napoleon
Seven Veils
Concrete Utopia
Dhak Dhak
Erotic Ghost Story
A Hundred Lies
Yuva
Senzano Savana
Scrapper
Everyone Knows Every Juan
Chhichhore
Blue Is the Warmest Color

Leave a comment