💠 မုဆိုးမကလီကိုး(1777-1805)ဟာ နပိုလီယံခေတ် ဝိုင်လောကရှန်ပိန်သမိုင်းမှာ ရှန်ပိန်ဖော်စပ်တဲ့နေရာမှာထင်ရှားလွန်းလို “ရှန်ပိန်လောကရဲ့ဖွားအေကြီး” လို့တောင်တင်စားခေါ်ဝေါ်ရတဲ့အထိ တကယ့်ဆရာတစ်ဆူအဖြစ်သမိုင်းဝင်ခဲ့တဲ့ ဂန္ထဝင်အမျိုးသမီးကြီးတစ်ဦးပါ။
💠 ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ခဲ့ရပြီး ၁၉-ရာစုအစောပိုင်း လူမှုရေးစံနှုန်းတွေအတိုင်း ယောကျ်ားတွေပဲအရာရာကိုလွှမ်းမိုးနေတဲ့ခေတ် ဝိုင်ဖောက်တဲ့နေရာမှာ မိန်းမတစ်ယောက်ဦးစီးလို့မရတဲ့ခေတ်မှာ သွားလေသူ သူ့ယောကျ်ားရဲ့ စွဲလမ်းရူးသွပ်ခဲ့ရာ စပျစ်ခင်းနဲ့ စပျစ်ဝိုင်ထုတ်လုပ်ရေးကို အတိုက်အခိုက်တွေကြားထဲက ဆက်ပြီးဦးဆောင်ရုန်းကန်ခဲ့တဲ့ ပြင်သစ်သူအာဂမိန်းမ ဘာ့ဘ်နီကိုးကလီကိုးရဲ့ အထ္တုပတ္တိကို ဇာတ်လမ်းပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
💠 ကွယ်လွန်သူ ယောကျ်ားချခဲ့တဲ့အုတ်မြစ်ကို လက်မလျှော့ဘဲ အခက်အခဲမျိုးစုံလူမျိုးစုံကိုရင်ဆိုင် “လောကဓံဆိုတာဘာလဲ မမှုဘူး ၊ ယုံကြည်ရာနောက်ကို ရေဆုံးမြေဆုံးလိုက်မယ်”ဆိုတဲ့ခံယူချက်နဲ့ ခုခေတ်မှာထိပ်တန်းနာမည်ကြီးဝိုင်တွေဖြစ်လာမဲ့ မုဆိုးမဝိုင်လိုလူသိများတဲ့
1. *Veuve Clicquot Yellow Label Brut*
2. *Veuve Clicquot Rosé*
3. **Veuve Clicquot La Grande Dame**တွေကိုတီထွင်ဖော်စပ်ခဲ့တဲ့တကယ့် Legend အမျိုးသမီးကြီးရဲ့အကြောင်းကို ရုပ်ရှင်အနေနဲ့ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်။
💠 ကလီကိုးစုံတွဲရဲ့ နက်နဲတဲ့ရိုမန့်တစ်အချစ် ဝိုင်ဖောက်လုပ်ငန်းအပေါ်မှာထားတဲ့စိတ်ခံစားချက်အတိမ်အနက် ဒူပေနာပေခံမှုတွေ တီထွင်ဆန်းသစ်မှုတွေကို ဒိုင်ယာလော့ခ်ကောင်းကောင်းတွေနဲ့ ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှုခံစားလိုက်ကြပါဦး….
#WidowClicquot #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames