What's happening?

Video Sources 645 Views Report Error

  • Watch traileryoutube.com
  • Zhongkui: Snow Girl and the Dark Crystal (2015)Unknown resource
Zhongkui: Snow Girl and the Dark Crystal

Zhongkui: Snow Girl and the Dark Crystal

Feb. 19, 2015China | Hong Kong | United States118 Min.n/A
Your rating: 0
8 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

တရုတ်ရှေးဟောင်း စိတ်ကူးယဉ်သိုင်းကားနှစ်သက်သူတွေ မြည်းစမ်းကြည့်နိုင်ဖို့အတွက် အကယ်ဒမီဆုရ ဒါရိုက်တာပီတာပေါင်း ရိုက်ကူးထားတဲ့ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်။

မကောင်းဆိုးဝါးမိစ္ဆာတွေကိုနှိမ်နင်းသူဖြစ်တဲ့ ဒဏ္ဍာရီထဲက သူရဲကောင်းကျုံးကွေဟာ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်ရှိသူဖြစ်ပြီး ကောင်းကင်ဘုံနဲ့ငရဲမှာ တစ်ပြိုင်နက်တိုက်ခိုက်ရင်း လူသားတွေနဲ့ သူချစ်ရတဲ့မိန်းကလေးကို ကယ်ဆယ်ပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။

တရုတ်ဒဏ္ဍာရီ ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ဒီဇာတ်လမ်းမှာလည်း နတ်သမီးတွေ၊ မကောင်းဆိုးဝါးတွေနဲ့ လူတွေအတူတကွ အေးအေးချမ်းချမ်း နေလို့မရတဲ့စကြဝဠာကြီးနဲ့ စတင်ထားပါတယ်။ ထောင်စုနှစ်တွေ ဖြတ်သန်းပြီးတိုင်းမှာ မကောင်း ဆိုးဝါးတွေကလည်း လူသားတွေအဖြစ် ပြန်ဝင်စားသလို အဆင့်မြင့်သွားတာတွေလည်းရှိတာကြောင့် မိုးနတ်မင်းဟာဆိုရင် ငရဲပြည်က မကောင်းဆိုးဝါးတွေ လွတ်လာမှာအလွန်စိုးရိမ်နေခဲ့ပါတယ်။

နတ်ဘုရား ကျန်ဒေါင်ရှန်ဟာ မိစ္ဆာရန်က ကာကွယ်နိုင်ဖို့အတွက် သူ့တပည့်ဖြစ်တဲ့ ကျုံးကွေကို မကောင်းဆိုးဝါးတွေ ရဲ့ဝိညာဉ်တွေသိမ်းဆည်းတဲ့ ငရဲပြည်ကနေ အနက်ရောင် သလင်းကျောက်ကို ယူဆောင်စေခဲ့ပါတယ်။ တစ်ကိုယ်တည်းသမားကျုံးဟာ မိစ္ဆာတွေနဲ့မကောင်းမှုမှန်သမျှ ဖယ်ရှားရှင်းလင်းသူ တစ်ယောက်ဖြစ်တာကြောင့် သူ့ဆရာ ရဲ့ စေခိုင်းချက် အတိုင်းလုပ်ဆောင်ခဲ့ပါတယ်။ မကောင်းဆိုးဝါး ဘုရင်က ဟူမြို့တော်ကို အေးခဲသွားအောင် လုပ်ဖို့ အတွက် နှင်းမင်းသမီးကိုခိုင်းစေခဲ့ပါတယ်။

နှင်းမင်းသမီးနဲ့ မကောင်းဆိုးဝါးတွေဟာ ပါရှင်းအကအဖွဲ့ ယောင်ဆောင်ပြီး ဟူမြို့တော်ထဲဝင်ခဲ့ပြီး ပျောက်ဆုံးသွားတဲ့ ကျုံးရဲ့ချစ်သူလို့ ထင်မှတ်အောင်လည်း ညှို့ယူခဲ့ပါတယ်။ ဒီဇာတ်လမ်းက စိတ်ကူးယဉ် လျှို့ဝှက်ဆန်းကြယ် ဇာတ်ကားဖြစ်လို့ အထူးပြုလုပ်ချက်တွေ အလွန်အကျွံသုံးထားတာကြောင့် ကြည့်ရတာတစ်မျိုးဖြစ်နေပေမယ့်လည်း အတိုက်အခိုက် ဇာတ်ကွက်လေးတွေကတော့ ကြည့်ကောင်းပါတယ်။

အကအဖွဲ့ကိုယုံလွယ်မိတဲ့ လူသားတွေကို မိစ္ဆာတွေက ဘယ်လိုဒုက္ခပေးဦးမှာလဲ။ မိစ္ဆာတွေကို နှိမ်နင်းတဲ့ကျုံးကွေတစ်ယောက် သူချစ်ရတဲ့ နှင်းမင်းသမီးနဲ့ ဆုံစည်းခွင့်ရမလားဆိုတာ ကြည့်လိုက်ကြဦးနော်။ ဒီဇာတ်ကားမှာ မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသမီးလီပင်းပင်းက နှင်းမင်းသမီးအဖြစ်သရုပ်ဆောင်ထားပြီး သူရဲကောင်း ကျုံးကွေအဖြစ် မင်းသားချန်ကွန်းက သရုပ်ဆောင်ထားပါတယ်။

Zhongkui: Snow Girl and the Dark Crystal
Zhongkui: Snow Girl and the Dark Crystal
Zhongkui: Snow Girl and the Dark Crystal
Zhongkui: Snow Girl and the Dark Crystal
Zhongkui: Snow Girl and the Dark Crystal
Zhongkui: Snow Girl and the Dark Crystal
Zhongkui: Snow Girl and the Dark Crystal
Zhongkui: Snow Girl and the Dark Crystal
Zhongkui: Snow Girl and the Dark Crystal
Zhongkui: Snow Girl and the Dark Crystal
Original title 钟馗伏魔:雪妖魔灵
IMDb Rating 5.3 1,457 votes
TMDb Rating 5.2 39 votes

Director

Xi Zi
Director

Cast

Chen Kun isZhong Kui
Zhong Kui
Li Bingbing isSnow Demon
Snow Demon
Bao Bei'er isDu Ping
Du Ping
Winston Chao isZhang Daoxian
Zhang Daoxian
Yang Zishan isZhong Ling
Zhong Ling
Huang Huan isNine-Tailed Fox
Nine-Tailed Fox
Luo Wenbo isWhite Fox
White Fox
Hou Yidi isRed Fox
Red Fox
Peter Pau Tak-Hai isGod of heaven
God of heaven
Chun Kang Wang isDemon slayer head
Demon slayer head

Similar titles

The Shadow Strays
The Trophy Bride
The Kill Room
The Monkey King 2
The Last Legion
The Three Musketeers: D’Artagnan
Chocolate
The Flash
Bootcut Balaraju
Alaa Ninnu Cheri
Red, White & Royal Blue
Chhichhore

Leave a comment