
Colony (2026)
*********************
IMDb Rating (7.2)
[Colony 2026 ရုံတင်ကားကြီးဟာ အခုချိန်အထိ ရုံမချသေးတဲ့အတွက် လက်ရှိမှာတော့ HDCam ဗားရှင်းပဲ ရပါသေးတယ်။ အသံပိုင်း ရုပ်ပိုင်းဆိုင်ရာက hdcam version မို့ quality ကောင်းကြိုက်တဲ့သူတွေအတွက်က ဘယ်လိုမှအဆင်ပြေမည်မဟုတ်ပါ။
ဒါ့ကြောင့် စောင့်နိုင်ရင်တော့ လုံးဝဒေါင်းမကြည့်ကြပါနဲ့…. Quality ကောင်းတာထွက်လာတာနဲ့ အမြန်ဆုံး update ပေးပါသွားပါ့မယ်။]
Train To Busan ရဲ့ ဒါရိုက်တာ Yeon Sang-Ho က ရိုက်ကူးပေးထားပြီး Main Cast အနေနဲ့ Jun Ji-Hyun, Koo Kyo-Hwan, Ji Chang-Wook, Shin Hyun-Been, Kim Shin-Rok တို့အပြင် မင်းသားကြီး Go Soo ကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်ထားသလို လက်ရှိ ကြည့်ရှုသူ 5.9 သန်းကျော်နဲ့ 2026 ခုနှစ်ရဲ့ ရုံဝင်သူ အများဆုံး နံပါတ် 2 ကိုးရီးယားရုပ်ရှင်အဖြစ်လည်း ရပ်တည်နေပါသေးတယ်။
ဒီကားကတော့ ကြည့်ဖူးနေကျ ရိုးရိုးဇွန်ဘီကားတွေလို အဓိပ္ပါယ်မရှိတာတွေလျှောက်လုပ်နေတဲ့ဇာတ်လမ်းမျိုးမဟုတ်ဘဲ ကူးစက်ခံရတဲ့ကောင်တွေက အသိဉာဏ်ရှိပြီး ဆင့်ကဲပြောင်းလဲနိုင်တဲ့ (Evolving Zombies) ပုံစံမျိုးနဲ့ အသစ်ဖန်တီးထားတာ ဖြစ်လို့ ကြည့်ရတာ အကြိုက်တွေ့ကြပါလိမ့်မယ်။
– ဇာတ်လမ်းအကျဉ်း –
ဆိုးလ်မြို့လယ်က မိုးမျှော်တိုက်ကြီးတစ်ခုမှာ ဇီဝနည်းပညာ ညီလာခံလုပ်နေတုန်း အမည်မသိ ဗိုင်းရပ်စ်တစ်ခု ရုတ်တရက် ပျံ့နှံ့သွားပါတယ်။ အဲဒီအခြေအနေကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေက အဆောက်အအုံတစ်ခုလုံးကို အပြင်ကနေ လုံးဝပိတ်လှောင်လိုက်တဲ့အခါမှာတော့ အထဲကလူတွေ အကုန်ပိတ်မိသွားပါတော့တယ်။ အထဲမှာ ပိတ်မိတဲ့အချိန် ကြာလာလေလေ ကူးစက်ခံရသူတွေရဲ့ ဉာဏ်ရည်တွေ လှုပ်ရှားမှုတွေဟာ အလျင်မြန်ဆုံးနဲ့ ဆင့်ကဲပြောင်းလဲလာတဲ့အခါမှာတော့….
ပါမောက္ခ ဂွန်ဆယ်ဂျောင်း (Jun Ji-Hyun) ဦးဆောင်တဲ့ အသက်ရှင်ကျန်ရစ်သူအဖွဲ့ဟာ အသက်ရှင်လျက်နဲ့ အဆောက်အဦထဲကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းဖြစ်တာမို့ မျှော်နေတဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။