
To Barcelona, Forever (2025)
Romance ကား ကြိုက်သူတွေအတွက် ၂၀၂၅-ခုနှစ်မှာပဲထွက်ရှိထားတဲ့ Romance ကားကောင်းကောင်းလေး တင်ပေးလိုက်ပါတယ်ခင်ဗျာ။
ဇာတ်ကားအညွှန်းလေးကတော့ စာရေးဆရာအဖြစ် ခြေလှမ်းစတင်ခဲ့တဲ့အန်နာဟာ သူမရဲ့အချစ်ရဆုံးသူငယ်ချင်းဖြစ်တဲ့ အယ်ရီကာရဲ့မင်္ဂလာပွဲအတွက် စပိန်နိုင်ငံ, ဘာစီလိုနာမြို့ကိုရောက်လာခဲ့ပါတယ်။
အဲဒီလိုလာရင်းနဲ့ ဟာဗီယာလို့ ခေါ်တဲ့စပိန်နိုင်ငံသား လေးတစ်ယောက်နဲ့မတော်တဆဆုံတွေ့ကြရင်း သူတို့အချစ်ဇာတ်လမ်းစဖို့ အကြောင်းဖန်လာခဲ့တာပေါ့။
ဒီလိုနဲ့ သူတို့နှစ်ယောက်တွေ့ဆုံစကားပြောကြရင်းနဲ့ ဟာဗီယာရဲ့မိသားစုဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဟင်းခပ်အမွှေးအကြိုင်ဖြစ်တဲ့ ဆာဖရွန်ကိုထုတ်လုပ်ပြီး အရမ်းသီးသန့်ဆန်ကာ လျှို့ဝှက်ပြီးနေကြတဲ့မိသားစုဖြစ်တာကိုစာရေးဆရာတစ်ယောက်ဖြစ်တဲ့ အန်နာကသိရှိသွားအခါ သူတို့မိသားစုကို ကမ္ဘာကြီးနဲ့ချိတ်ဆက်ပေးဖို့ သူတို့မိသားစုအကြောင်းကို စာရေးချင်စိတ်တွေတဖွားဖွားဖြစ်လာတော့တာပါပဲ။
ဒါပေမဲ့တစ်ဖက်ကလည်း သူတို့မိသားစုရဲ့ နှစ်ရာချီထိန်းသိမ်းခဲ့တဲ့လျှို့ဝှက်ချက်တွေကိုအသိခံမှာမဟုတ်တာကြောင့် အန်နာဟာ ဟာဗီယာရဲ့ သတို့သမီးလောင်းအဖြစ်ဟန်ဆောင်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ?သူတို့အချစ်လမ်းကရော ချောမွေ့ပါ့မလား ? ထိုမိသားစုရဲ့လျှို့ဝှက်ချက်တွေကရော ဘာတွေလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ။